37

23.4K 1.2K 35
                                    

Part 37

ဂေဟာခြံဝန်းထဲသို့ဝင်လာသည့်ကားကိုတွေ့သည်နှင့်မေခင်သည်အိမ်မကြီးထဲကထွက်လာခဲ့သည်။စနေဦးခိုက်တို့ကိုခရီဦးကြိုသည့်အနေနှင့်ပြုံးပြကာထိုနေရာသို့ရောက် လာလေသည်။

"မေခင်ကနည်းနည်းနောက်ကျမယ်တောင်ထင်တာ။နေ့ဆွမ်းဆိုတော့ဆရာတော်တောင်မကြွသေးဘူး"

"နေညွန့် တဂွမ်ဂွမ်‌ဖုန်းခေါ်နေတာနားညီးလို့စောစောထွက်လာတာမေခင်။ဒီကောင် မနေ့ထဲကဒီရောက်နေတယ်လို့ပြောတာဟုတ်လားမေခင်"

"ဟုတ်တယ်သားစနေ အကြောင်းမကြားပဲရောက်ချလာလို့မေခင်တောင်အံ့ဩနေတာ။သျှင်မင်းဆီလာမှန်းနောက်မှသိတာ"

"ဗျာ!! သျှင်မင်းကဒီကိုဘယ်လိုလုပ်ပြီးတော့ရောက်နေတာလဲ"

"အမလေး!! ကိုကိုလုပ်ပါဦး"

မေခင်နဲ့စကားကောင်းနေတုန်းအနောက်ဘက်မှအကြင်နာ့အသံကြောင့်စနေဦးခိုက်လှည့်ကြည့်လိုက်လေသည်။ကျွတ်ကျတော့မည့်ပုဆိုးကိုထိန်းထားရင်းမျက်နှာငယ်လေးနှင့်ခေါ်နေသူကိုကြည့်ပြီးစနေဦးခိုက်ရယ်လိုက်မိသည်။

"ကိုကိုပြောသားပဲဘောင်းဘီပဲဝတ်ဆိုတာစကားမှနားမထောင်တာ။ခါးပတ်နဲ့ချည်ဆိုတော့လည်းမဟုတ်ပြန်ဘူး"

စနေဦးခိုက်ပြောလည်းပြောအကြင်နာ့ကိုအနောက်ကဖက်ရင်းပုဆိုးကိုဝတ်ပေးပြန် သည်။

"ဟုတ်သားပဲဟယ်!အိမ်ကထွက်လာထဲကပြန်ဝတ်ပေးနေရတာဘယ်နှစ်ခါရှိနေပြီလဲ။စလွယ်သာသိုင်းထားလိုက်တော့အရှုပ်ထုတ်"

"တွေ့လားကိုကိုဆူနေတော့ဖူးငုံမ ကပါအကြင်နာ့ကိုဝင်ဟောက်နေပြီ"

ဖူးငုံကနှာခေါင်းရှုပ်ပြရင်းအကဲပိုသည့်အကြင်နာ့ကိုမျက်စောင်းထိုးတော့သည်။

"ကိုစနေပြောသလိုခါးပတ်နဲ့ထိန်းဆိုလည်းမလုပ်ချင်ဘူးဘာဘူးနဲ့။ငါ့ကိုဒုတ်ပြ၊ခဲပြတော့မပြနဲ့နော်"

ဖူးငုံကစနေသည်မို့အကြင်နာမျက်နှာကိုဆူပုတ်နေတော့သည်။‌ပုဆိုးကအသစ်ဖြစ်သည့်အပြင်ကျွမ်းကျင်စွာမဝတ်တတ်သူနဲ့တွေ့လေတော့ခဏခဏကျွတ်နေတာဖြစ်၏။

Love is born, because of you(Complete)Onde histórias criam vida. Descubra agora