Part 24
"ကိုကိုလင်း!"
ခြံရှေ့တွင်ထိုင်နေသည့် ကိုကိုလင်းကိုတွေ့ သည်နှင့်အကြင်နာအသံပြုလိုက်သည်။
အကြင်နာတို့အိမ်လေးက သစ်၊ပျဉ်ထောင်သွပ်မိုးအိမ်လေးဆိုပေမဲ့"အိမ်ရှေ့အနည်းငယ်ပိုသည့်မြေလေးကိုခြံဝန်းလေးခတ်ထားပေသည်။စံပယ်ရုံထဲရောက်နေသည့်ကိုကိုလင်းသည်အကြင်နာ့ကိုတွေ့လေတော့အံ့ဩသွားသည်ထင်၏။အကြင်နာ့ကိုအိမ်ပြန်လာရန်မေမေဖုန်းဆက်ခေါ်တာဖြစ်၏။ဘာကြောင်းညာကြောင်းမပြောပဲအိမ်ကိုခဏပြန်လာဆိုလို့
အကြင်နာ အလုပ်ကိုခွင့်တင်ပြီးလာခဲ့ရသည် ။ကိုကိုလင်းလည်းသိမယ်ထင်ထားတာအခုကြည့်ပုံအရဆို အကြင်နာ့ကိုအိမ်ကိုခေါ်တာကိုကိုလင်းသိပုံမရပေ။အကြင်နာရဲ့အထုတ်အပိုးတွေကိုလာဝိုင်းသယ်ရင်း
"ငယ်ငယ် ဘယ်လိုဖြစ်ပြီးရောက်လာတာလဲ"
"မေမေခေါ်လို့လေ အိမ်ခဏပြန်လာခဲ့ဆိုလို့သားပြန်လာတာ။အလုပ်ကိုတောင်ခွင့်တင်ခဲ့တာ။မေမေ မပြောဘူးလား"
"ဟာ! မေမေကတော့လေ ငယ်ငယ့်ကိုရအောင်ခေါ်သေးတယ်"
"ရောက်ရင်ဝင်လေ အကြင်နာမောင်...နင့်အစ်ကိုနဲ့ပြောမနေနဲ့။ငလင်း နင်ပါလာ။ဟိုကောင် ငထွန်းကိုလည်းသွားနှိုးချေ။ပြသာနာရှာထားပြီးသူကသေနေနိုင်သေးတယ်။တကယ်ထဲပါအေ မွေးထားတဲ့သားသမီးတွေကတစ်ယောက်မှသုံးစားမရဘူး"
ကိုကိုလင်းနဲ့စကားပြောနေတုန်းမေမေ့အသံကအိမ်ထဲကထွက်လာသည်မို့အကြင်နာတို့အိမ်ထဲကိုဝင်လာလိုက်သည်။အိမ်မကပ်တဲ့ကိုကိုထွန်းကလည်းအိမ်မှာရှိနေသည်မို့အထူးအဆန်းပေ။
အပေါ်ထပ်ကဆင်းလာတဲ့ကိုကိုထွန်းကအိပ်ချင်မူးတူးရုပ်နဲ့ခေါင်းမှာလည်းပတ်တီးဖြူဖြူကဖွေးခနဲ။ရန်ဖြစ်ထားပြန်ပြီထင် သည်။ပွဲစားဆိုသည့်အတိုင်းအပေါင်းသင်းများသည့်ကိုကိုထွန်းသည်ရန်ပွဲဆိုတာခဏ ခဏဖြစ်တတ်သူ။ရန်ပွဲနဲ့သူငယ်ချင်းတော်ထားသလားတောင်ထင်ရသည်။အရက်ကလေးဝင်ရင်သွေးဆိုးတတ်သည်မို့မေမေပိုက်ဆံအိတ်ပိုက်ပြီးလိုက်ရှင်းရတာလည်းမနည်းပေ။ဆိုလွန်းတဲ့သားသမီကိုမိဘကအချစ်ပိုတာမေမေနဲ့မှထိုစကားအပိုမဟုတ်မှန်းသိလေသည်။ကိုကိုထွန်းကမေမေ့ရဲ့အသည်းကျော်လေးပေ။အခုတော့အခြေနေမဟန် သားထွန်းကနေ ငထွန်းလို့မေမေခေါ်နေပုံကဒီတစ်ခါပြသာနာကြီးပြီထင်၏။
YOU ARE READING
Love is born, because of you(Complete)
Non-Fictionစနေဦးခိုက် အကြင်နာမောင် Warning !! Myanmar bl fiction Unicode & Zawgyi တတိယမြှောက်ကြိုးစားမှု့လေးကနေကြိုဆိုပါတယ်။ Starting date -4/12/22