5

32.4K 2.1K 33
                                    

Part 5

အကြင်နာ ဒီနေ့အလုပ်interviewဝင်ရမည့်နေ့ဖြစ်သောကြောင့်ဖူးငုံနဲ့အတူအလုပ်ကိုတစ်ခါတည်းလိုက်လာခဲ့ခြင်းဖြစ်သည်။အစ စအရာရာပြည့်စုံခြင်းမရှိတဲ့ အကြင်နာ့အတွက် ထိုအလုပ်ကိုဖူးငုံအကူညီနဲ့ပဲဖြစ်ဖြစ်ရချင်တာအမှန်ပေ။အဝေးသင်ဘွဲ့တစ်ခုထဲနဲ့companyကြီးမှာအလုပ်လာလျှောက်ရတာတော့အကြင်နာသိမ်ငယ်ရပါသည်။တစ်ခြားသင်တန်းကလက်မှတ်ဆိုcomputer basic‌ ပြီးမြောက်ကြောင်းလက်မှတ်တောင်သူ့မှာမရှိပေ။computerကိုတော့အကြင်နာအတော်သင့်သုံးတတ်ပါသည်။ဖူးငုံကအကြင်နာ့ကို basicသင်ပေးထားသည့်အပြင်သူမရဲ့ laptopအဟောင်းလေးကိုလည်းပေးထားသေးသည်။

Company ကို‌ရောက်ဖို့နီးလာလေလေ
အကြင်နာ့ရဲ့နှလုံးခုန်သံတွေကမြန်လာလေဖြစ်၏။ဒီအလုပ်ကိုမရမှာအကြင်နာအရမ်းကြောက်သည်။မေမေ့ကိုကြီးကြီးကျယ်ကျယ်တွေပြောခဲ့ပြီးကာမှအလုပ်မရရင်
မေမေ့ရဲ့မျက်စောင်းလှလှလေးတွေနဲ့အမှန်ပင် အကြင်နာရင်ဆိုင်ရမည်မလား။

"အကြင်နာ ကြောက်နေတာလား ကြည့်ပါဦးလက်ဖဝါးတွေကချွေးတွေထွက်နေပြီ
ဟယ်!နဖူးစပ်နားလေးတွေမှာရော"

ဖူးငုံကဇောချွေးပြန်နေတဲ့အကြင်နာ့ကိုသူမရဲ့လက်ထဲကဖိုင်လေးနဲ့ယက်ခတ်ပေးလေသည် ။အကြင်နာ့လက်ထဲကိုလည်းတစ်သျူးလေးတစ်ရွက်ထည့်ပေးလေသည်။ဟုတ်ပါရဲ့ ဖူးငုံပြောမှအကြင်နာကိုယ့်ကိုယ်ကိုယ်သတိထားမိတော့သည်။စိတ်လှုပ်ရှားလို့ချွေးတွေကဇော ချွေးပြန်သလိုကိုထွက်နေတာပင်။

"စိတ်ပူမနေပါဆိုဟာ ဒီအလုပ်ကိုနင်ရမှာကြိမ်း‌သေတယ် သူဌေးကိုငါပြောပေးထားပြီးသား။ငါ့အတွက်အကူလူလိုလို့ငါအဆင်ပြေရင်ရတယ်ပြောထားပြီးသားပါဆိုနေ"

"နင်ကလည်းဟာ စိတ်ကကြောက်နေတာငါကဘယ်လိုလုပ်ရမလဲ"

"ဘယ်လိုမှလုပ်မနေနဲ့‌တော့! ဦးလေးရှေ့နားမှာရောက်ပြီရှင့်"

ကားဆရာကြီးကကားကိုရပ်တန့်လိုက်သည် နှင့်အကြင်နာ့မျက်ဝန်းတွေကလည်းအရှေ့မှာမြင်နေရသည့်အရာဆီသို့စိုက်စိုက်မြိုက်မြိုက်ရောက်လေသည်။

Love is born, because of you(Complete)Onde histórias criam vida. Descubra agora