22 zawgyi

6.9K 145 2
                                    

Part 22

"သားသား!! အီးဟီး မေမေ့သားလေး"

အကြင်နာ့ကိုတွေ့တာနဲ့အလောတကြီးကုတင်ပေါ်ကဆင်းပြီးလာဖက်တွယ်သည့်အန်တီမေကိုအကြင်နာပြန်လည်ဖက်ထားပေးလိုက်သည်။အလုပ်ကို ကိုကိုအလောတကြီးရောက်ချလာပြီးအန်တီမေနဲ့လိုက်တွေ့ပေးဖို့ပြောကာခေါ်လာတာဖြစ်သည်။ကိစ္စကိုရေရေရာရာမသိပေမဲ့ ကိုကိုကသူ့ကိုဒီတစ်ခါအသနားခံနေတာမျိုးမို့အကြင်နာဘာမှတောင်သေချာမမေးပဲလိုက်လာခဲ့သည်။

"အကြင်နာ အလုပ်သွားတာပါ....မေမေအိပ်နေလို့မပြောခဲ့တာ"

"အလုပ်! ဘာအလုပ်လဲ။မေမေ့အနားမှာပဲနေပါသားရယ်။မေမေ့မှာပိုက်ဆံတွေအများကြီးရှိတယ်။သားသားအလုပ်လုပ်စရာမလိုဘူး။မေမေတောင်းပန်ပါတယ်မေမေ့အနားမှာပဲနေပါနော်။သားသားထပ်ပျောက်သွားမှာမေမေကြောက်လို့ပါ။သားဖေဖေကလည်းမေမေ့ကိုထားခဲ့တယ် သားလေးလည်းမေမေ့ကိုအကြာကြီးထားခဲ့တာ မေမေ့မျက်စိအောက်‌ကထပ်ပျောက်မသွားပါနဲ့တော့"

အကြင်နာ့မျက်နှာကိုမထိရက်မကိုင်ရက်ပုံဖြစ်နေပြီးငိုနေတဲ့အန်တီမေ။အကြင်နာစိတ်ထဲတကယ်မကောင်းဘူး။ကိုကို့ကိုကြည့်တော့လည်းအရမ်းစိတ်မကောင်းတဲ့ပုံ။ဒီလာတုန်းကလည်းကားကို ကိုနေ မောင်းလာရသည်။
ငွေကြေးချမ်းသာလည်းလိုအပ်ချက်ကရှိနေတာပါပဲလား။စည်းစိမ်အပြည့်နဲ့နေရတဲ့သူတွေလည်း အပူတွေရှိနေတာပဲ။

"မေမေကလည်းမဟုတ်တာတွေလျှောက်မပြောပါနဲ့။မေမေထမင်းလည်းမစားဘူးဆို။‌ နေကောင်းတာလည်းမဟုတ်ပဲနဲ့မေမေအဲ့လိုလုပ်လို့မရဘူးလေ"

"သားနဲ့အတူစားမယ်။စနေလေးနဲ့နေနေပါဝင်စား"

"ဟုတ် အန်တီမေ"

ကိုကိုတို့တူရီးနဲ့အကြင်နာကဘယ်လိုရေစက်လည်းမသိ။ကိုကိုကလည်းအကြင်နာ့ကိုလိုက်ပြီးကပ်တွယ်နေတာဖြင့်အကြင်နာ့မှာမရှင်းရသေးဘူး။အခုအန်တီမေကပါ။

ကိုကိုပြောလို့သာအန်တီမေကနေမကောင်းတဲ့သူမှန်းသိတာ။စိတ်ပြန်လည်တည်ငြိမ်သွားသည့်အခါမှာတော့လူကောင်းတစ်ယောက်
အတိုင်းပင်။အကြင်နာ့ကိုထမင်းခွံကျွေးပြီး
ကိုကိုနဲ့ကိုနေ့ ကိုလည်းသေချာဂရုတစိုက်နှင့်။

Love is born, because of you(Complete)Où les histoires vivent. Découvrez maintenant