Part 9
"ငါမုန့်သွားဝယ်မို့ ဘာမှာဦးမှာလဲ,မမဖူးငုံမေ"
"ဟယ်! အခုမှထမင်းစားပြီးတာလေ"
"TVကြည့်ရင်းစားမလို့။မှာမလား၊မမှာဘူးလားဒါပဲပြော စိတ်မရှည်ဘူး"
"သူ တစ်ခါလေးထွက်ဝယ်ရတာကိုအသံ ထွက်နေတယ်။အာလူးကြော်နဲ့ရေညှိဝယ်ခဲ့"
"အအေးကရော"
"မဝယ်ဘူး နင့်ဆီကကပ်သောက်မယ်။တီတီ့အတွက်က boss ဒိန်ချဉ်"
ဖူးငုံမှာတာတွေကိုအကြင်နာသေချာမှတ်ပြီးထွက်လာခဲ့သည်။ABC storeကလမ်းထိပ်မှာရှိသည်မို့အဝေးကြီးတော့မဟုတ်။ဖူးငုံကမီးပူ တိုက်နေသည်မို့အကြင်နာပဲထွက်လာခဲ့သည် ။TVကြည့်ရင်းပါးစပ်ကတစ်ခုခုမဝါးရရင်အဆင်မပြေ။ညတိုင်းထမင်းလက်စုံစားပြီးရင်အကြင်နာရယ်၊ဖူးငုံရယ်၊တီတီတို့ကဇာတ်ကားတစ်ကားတော့အတူကြည့်ကြသည်။အကြင်နာကတစ်ယောက်ထဲကြည့်တာသ ဘောမကျသလို၊ဖူးငုံကလည်းဒီအတိုင်းပင်။အတူတူကြည့်ရင်းမုန့်လေးစားရတာကိုအကြင်နာတို့နှစ်ယောက်လုံးသဘောကျသည်။အကြိုက်တူတဲ့သူငယ်ချင်းတွေမို့အကြင်နာတို့ကပိုရင်းနှီးကြတာမဆန်းပေ။
ABC Storeလည်းရောက်ပြီမို့အကြင်နာစားချင်တာရောဖူးငုံမှာတာတွေပါယူရင်းကောင် တာမှာငွေရှင်းသည်။
"၈၅၀၀ကျပါတယ် ရှင့်"
Cashier ကောင်မလေးကငွေစလစ်ပေးသည်မို့ကျသင့်ငွေရှင်းရန်အကျီအိတ်ကပ်ထဲငွေကိုထုတ်လိုက်သည်။ထွက်လာသည့်ပိုက်ဆံအရွက်ကိုကြည့်ပြီးမျက်လုံးပြူးသွားရ၏။
ဟမ်! နှိုက်လာတာတစ်သောင်းတန်လေဘာလို့ငါးထောင်တန်ကြီးကရှိနေတာလဲ။အိတ် ကပ်ထဲသေချာထပ်နှိုက်တော့လည်းဒီတစ်ရွက်ပဲရှိနေတာ။အမလေးအရှက်ကွဲပါပြီ။နောက်မှာလည်းငွေရှင်းမဲ့သူတွေနဲ့။လွဲပြန်ပြီဟေ့!!
ကောင်မလေးကလည်းသူ့ကိုပြူးတူးတူးကြည့်နေပြီမို့ရှေ့မျက်နှာနောက်ထားပြီးမုန့်ပြန်လျော့ဖို့ပြောရတော့မည်။
"ဟိုလေ ပိုက်ဆံမလောက်တော့လို့မုန့်ပြန်လျော့မယ်နော်"
"ရှင်! ဒုက္ခပါပဲမောင်လေးရယ် အစ်မကစိတ်လောပြီးစလစ်ဖြတ်လိုက်မိပြီ"
YOU ARE READING
Love is born, because of you(Complete)
Non-Fictionစနေဦးခိုက် အကြင်နာမောင် Warning !! Myanmar bl fiction Unicode & Zawgyi တတိယမြှောက်ကြိုးစားမှု့လေးကနေကြိုဆိုပါတယ်။ Starting date -4/12/22