Part 33
"ကလေးကိုမတွေ့ပါလား။ကလေးဘယ်မှာလဲဒေါ်ကြည်ပြာ"
ပုံမှန်အချိန်ထက်စောပြီးအလုပ်ကပြန်လာသောသူဌေးဖြစ်သူကိုကြည့်ပြီးဒေါ်ကြည်ပြာရဲ့မျက်နှာအမှုအရာကမတည်မငြိမ်။စနေဦးခိုက်မျက်မှောင်ကျုံ့လျက်အပေါ်ထပ်ကိုမော့ကြည့်ရင်း
"အပေါ်မှာလား?
"မဟုတ်ဘူး အစ်ကိုလေးက ...
"ဟာ! အထစ်ထစ်အငေါ့ငေါ့နဲ့ဘာဖြစ်နေတာလဲ။မိပုံနဲ့ယမင်းကရော၊၃ယောက်ပေါင်းပြီးပျောက်နေတာမဟုတ်သေးဘူး!! အကြင်နာမောင် ဘယ်မှာလဲ"
ဘေးကပါလာတဲ့ကိုလင်းကိုလည်း စနေ
ဂရုမစိုက်နိုင်တော့ပေ။အကြင်နာမောင်တစ်ခုခုလုပ်နေလို့အိမ်ကလူတွေကာပြောနေတာသူသိသည်။နယ်ခဏပြန်သွားတဲ့ယမင်းကပါပြန်ရောက်လာပြီမို့၃ယောက်ပေါင်းပြီးအိမ်မှာလုပ်ချင်တာလုပ်နေကြပြီထင်သည်။ခေါင်းဆောင်ကတော့ဘယ်သူလည်းတွေးနေစရာပင်မလို။"ဆူဆူညံညံနဲ့ဘာဖြစ်နေတာလဲ စနေလေး"
သူ့အသံကြားလို့ထင်ပါရဲ့အန်တီမေကပါအခန်းထဲကထွက်လာလေသည်။
"ဧည့်သည်ပါလာတာလား"
"ဟုတ် အန်တီမေ.....ကလေးရဲ့အစ်ကိုပါလာတာ။ကလေးကိုလာတွေ့တာ"
"အော်! ဧည့်သည်ကိုထိုင်ခိုင်းဦးလေး စနေလေးရဲ့။ထိုင်ပါဦးကွယ် သားသားဘယ်မှာဆော့နေလဲမသိဘူး"
"ဟုတ် အန်တီ"
ကလေးမိသားစုအကြောင်းကို,စနေပြောပြထားသည်မို့အန်တီမေကအေးအေးဆေးဆေးပင်။ကလေးကသားသားမဟုတ်တာသိပေမဲ့လည်းအန်တီမေက ကလေးကိုအချစ်ပိုနေ သည်မို့အိမ်ပြန်ခွင့်မပေးပဲသူ့အနားမှာခေါ်ထားတာဖြစ်သည်။
အန်တီမေနဲ့ကိုလင်းကစကားပြောနေကြသည်မို့ဒေါ်ကြည်ပြာကို့မီးဖိုချောင်ဘက်
,စနေဆွဲခေါ်လာလေသည်။မေးနေတာမဖြေပဲဝေ့လည်ကြောင်ပတ်လုပ်နေတာသူသိသည်။"ဘယ်မလဲဟိုသုံးယောက် အပြင်ထွက်သွားတာလား"
"မဟုတ်...
"မိပုံ!! နင်အောက်ကနေသေချာဖမ်းလေသရက်သီးတွေကမြေထိရင်ပွသွားရောဟ!"
YOU ARE READING
Love is born, because of you(Complete)
Non-Fictionစနေဦးခိုက် အကြင်နာမောင် Warning !! Myanmar bl fiction Unicode & Zawgyi တတိယမြှောက်ကြိုးစားမှု့လေးကနေကြိုဆိုပါတယ်။ Starting date -4/12/22