32

28.8K 1.5K 53
                                    


Part 32

စူးရှရှအလင်းရောင်ကြောင့်မျက်လုံးမှိတ်ထားလျက်ကိုပင်မနက်လင်းနေပြီဆိုသည်ကိုခံစားရသည်။မျက်လုံးကိုလက်ဖြင့်ပွတ်သတ်ရင်း, စနေဦးခိုက်နိုးလာခဲ့သည်။နွေဘက်ကိုကူးလာသည့်ရာသီဥထုကြောင့်မနက်ခင်း‌နေ ရောင်ကအတော်လေးကောင်းလှသည်။
ပြတင်းပေါက်ဘက်ကထိုးဝင်လာတဲ့ငှက်သံ တွေကြောင့်စိတ်ရှုပ်သွားတာတော့အမှန်။ပိကျိပိကျိနဲ့အတော်နားငြီးသလိုခံစားရသည်။

ပြတင်း‌ပေါက်ကိုထပိတ်ဖို့တွေးကာမှရင်ခွင်ထဲတိုးဝင်လာတဲ့,ကလေးကြောင့်မထဖြစ်ပြန်။အကြင်နာ့ရဲ့ကျောပြင်လေးကိုဖွဖွလေး
ပုတ်ပေးရင်းသူပါမလှုပ်မယှက်နှင့်။

ကြည်လင်နေတဲ့ ကလေးရဲ့မျက်နှာကိုကြည့်ရင်းနဲ့မှနဖူးထက်ကိုအနမ်းလေးပေးမိပြန် သည်။လည်စပ်လေးတွင်ရှိနေသည့်ခရမ်း ရောင်ရင့်ရင့်စုတ်ချက်လေးတစ်ခုကိုတွေ့မိတော့ထိုနေရာလေးကိုတစ်ချက်ဖိကပ်နမ်းလိုက်ရင် စနေဦးခိုက်ပြုံးလိုက်မိသည်။

တစ်ကိုယ်လုံးကိုသူ့အပေါ်တင်ပြီးကိုအိပ်ပျော်နေတာပင်။ခြေတစ်ဖက်လက်တစ်ဖက်နဲ့ပါသူ့ကိုခွထားပြီးရင်ခွင်ထဲတိုးဝင်ပြီးအိပ်နေတာဖြစ်၏။အခုမှကလေးအဖေကြီးလိုဘဝကိုရောက်မှန်းမသိရောက်နေတဲ့ စနေဦးခိုက်ဘဝဖြစ်သည်။

ပါးအိစိလေးတွေကိုအသဲယားစွာဖြင့်ငုံထွေးလိုက်တော့သူ့မျက်နှာကိုလက်နဲ့တွန်းပြီးကာလာသည်။

"အင့်! ကိုကို "

"ထတော့ အိပ်ပုတ်လေး မောင်အလုပ်သွားရမယ်"

"မောင် မဟုတ်တော့ဘူး ကိုကိုလို့ပြောင်းသုံးလေ အကြင်နာ နိုင်ထားတာ"

ရင်ခွင်ထဲကချက်ခြင်းရုန်းထွက်ကာပြောလာသည့်စကားကြောင့်စနေဦးခိုက်ရယ်မိလိုက်သည်။မေ့သွားမလားလို့စလိုက်မိတာချက်ခြင်းကိုရန်စွာတော့တာပင်။မျက်နှာလေးကလည်းဆူပုတ်သွားတာဖြစ်သည်။

"ဟေး ဟေး မနက်အစောကြီးနော်။မျက်နှာကိုပြင် စောစောစီးစီးဂျစ်ကျတာကိုကိုမကြိုက်ဘူး။ကလေးပီပီမနက်ထတာကိုပြုံးပြုံးရွှင်ရွှင်ထ"

Love is born, because of you(Complete)Onde histórias criam vida. Descubra agora