Part 15
သူ့အနမ်းတွေကိုတုန့်ပြန်မှု့မရှ်ိပဲသူ့ညာဘက်ရင်ဘတ်ကအင်္ကျီစကိုလက်လေးနဲ့ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်းသူ့နှုတ်ခမ်း ကျူး ကျော်သမျှကိုခံနေရှာတဲ့ချာတိတ်ကငိုနေမှာတော့ကြိမ်းသေပေါ့။ချာတိတ်ကိုသူသဝန်တိုသည်။တစ်ခြားတစ်ယောက်နဲ့အတူရှိရင်ပြုံးပျော်တတ်တဲ့ချာတိတ်ကသူ့ကိုမြင်ရင်တော့စိတ်ရှုပ်သည့်မျက်နှာထားဖြစ်သွားတာကိုလည်းသူမကျေနပ်ပါ။
စနေဉီးခိုက်ဆိုတဲ့ကောင်ကလူတိုင်းကိုအရေးပေးတာမဟုတ်ဘူး။ပွေတာရှုပ်တာမှန်သော် လည်းချာတိတ်ကိုတော့တကယ်အဲ့ဇယားတွေနဲ့မတူတာသူ့ကိုယ်သူသိသည်။ချာတိတ်
ကိုသူစွဲလမ်းမိတာရိုးရိုးလေး။မျက်နှာမှာဘာလိမ်းချယ်မှု့မှမရှိ၊ရင်ဘတ်မှာလည်းဖုဖောင်းတဲ့အလှတရားမရှိ၊မိန်းကလေးတွေလိုကောက်ကြောင်းမရှိတဲ့ချာတိတ်ကိုရင်ခုန်မိတာရိုးရိုးလေး။လိုချင်တာအရယူတတ်တဲ့အကျင့်ဆိုးလေးကရှိနေပြန်တော့လည်းမရရအောင်ယူရမှာသူ့တာဝန်ပေ။လိုချင်တာရှိရင်အရယူလိုက်ရမှကျေနပ်တာစနေဦးခိုက်ဖြစ်သည်။
မျက်ဝန်းဝိုင်းလေးတွေ၊ကြည်လင်တဲ့မျက်နှာလေး၊ပြုံးလိုက်ရင်ပေါ်ပေါ်လာတတ်တဲ့ချာတိတ်ရဲ့သွားထက်လေးတွေကအစသူ့မှာရူးရူးမူးမူး။သူ့နဲ့တွေ့ရင်အမြဲလွဲနေတတ်တဲ့ချာတိတ်ရဲ့အပြုမူတွေကစနေဦးခိုက်ဆိုတဲ့ကိုယ့်အတွက်ကစိတ်ဆိုးရမှာကိုပင်ချစ်စရာလေးမြင်နေမိသည်ထိ။ဘာ့အတွက်ကောင်လေးတစ်ယောက်ကိုသူအခုလိုဖြစ်သွားရလည်းကိုယ်တိုင်လည်းမသိ။လိုချင်တာသေချာမှတော့ဘာအရေးလဲချာတိတ်ကိုရင်ခွင်ထဲဆွဲသွင်းလိုက်ယုံပေါ့။
နှုတ်ခမ်းသားတွေကိုနစ်နစ်သည်းသည်းနမ်းရှိုက်ပြီးမှစနေဦးခိုက်,မျက်နှာချင်းခွာလိုက်သည်။သူ့ကိုမျက်ရည်တွေပြည့်နေတဲ့မျက် ဝန်းအိမ်လေးတွေကကြောက်ကြောက်လန့်လန့်နှင့်ကြည့်နေတာမို့ထိုမျက်ဝန်းလေးနှစ်ဖက်ပေါ်သူ့နှုတ်ခမ်းဖျားနှင့်ဖိကပ်ကာနမ်းလိုက်သည်။စီးကျလာတဲ့မျက်ရည်လေးကိုလည်းလက်မဖြင့်ဖွဖွလေးသုတ်ပေးလိုက်သည်။
![](https://img.wattpad.com/cover/325072634-288-k703359.jpg)
YOU ARE READING
Love is born, because of you(Complete)
Non-Fictionစနေဦးခိုက် အကြင်နာမောင် Warning !! Myanmar bl fiction Unicode & Zawgyi တတိယမြှောက်ကြိုးစားမှု့လေးကနေကြိုဆိုပါတယ်။ Starting date -4/12/22