4.

33.6K 2.2K 48
                                    

Part 4

"ကိုကိုလင်းထိုင်လေ...အကြင်နာ အိတ်တွေကိုနင့်အခန်းထဲအရင်သွားထည့်လိုက်..ငါကိုကိုလင်းအတွက်ရေသွားယူဦးမယ်"

ဖူးငုံလက်ညိုးထိုးညွှန်ပြတဲ့အခန်းထဲကိုပါလာတဲ့လက်ဆွဲအိတ်နှစ်လုံးကို,အကြင်နာယူပြီးသွားထားလိုက်သည်။ကိုကိုလင်းကခွင့်ပြုလိုက်သည်မို့ရန်ကုန်မှာအလုပ်လုပ်ဖို့ရောက် လာတာဖြစ်၏။interviewကအခုလာမဲ့ mondayဝင်ဖြေရမှာမို့နှစ်ရက်စောပြီးရောက် လာခဲ့သည်။နေဖို့ထိုင်ဖို့အတွက်ကလည်းဖူးငုံနဲ့အတူနေလို့ရတာမို့စိတ်မပူလေရဘူး။ဖူးငုံတစ်ယောက်ရှိနေလို့အကြင်နာ့မှာအရမ်းအား ကိုးရနေတာ။အလုပ်ကလည်းဖူးငုံနဲ့တစ်နေ ရာထဲအတူလုပ်ရမှာမို့ပိုပျော်ရသည်။အရာအားလုံးအတွက်ဖူးငုံကိုအကြင်နာကျေးဇူး တင်ရပါသည်။အခန်းလေးကလည်းတစ်ကယ့်‌ကိုနေချင်စရာကောင်းအောင်သည်။အိမ်မှာလည်းကိုကိုလင်းတို့ကသာအိပ်ခန်းမရှိပေမဲ့အကြင်နာကအိပ်ခန်းသက်သက်ရသည်။ကျောင်းသားဖြစ်နေတာမို့စာကောင်းကောင်းလုပ်ရအောင်လို့ကိုကိုလင်းကအခန်းကန့်ပေးထားတာဖြစ်သည်။ညဆိုရင်မေမေကtv ကြည့်တတ်သည်မို့အကြင်နာစာလုပ်တဲ့အ ချိန်ဆိုမေမေနဲ့အမြဲပြသာနာတတ်ရသည်။နားမလည်တဲ့ကိုရီးယားကားကိုအသံကျယ်ကျယ်ကြည့်တတ်တဲ့မေမေနဲ့စာကျက်နေလို့အသံတိုးပေးဖို့ပြောတဲ့အကြင်နာကစကားအမြဲများရသည်။ဒါကိုကြည့်မနေနိုင်တော့တဲ့ကိုကိုလင်းကအခန်းလုပ်ပေးတော့သည်။တွေးကြည့်ရင်ရယ်စရာပင်မေမေနဲ့အကြင်နာကတကယ့်ကိုအတူထားမရတဲ့နှစ်ယောက်ဖြစ်၏။

"ဟဲ့!! အထုတ်ထားပြီးထွက်လာလေ ဘာလုပ်နေတာလဲ!ဖရဲသီးလာစား"

"လာပါပြီ မမဖူးငုံမေရယ်"

"ဖူးငုံညီမလေး အငယ်လေးကိုစောင့်ရှောက်ပေးပါနော်။ဒီကအန်တီ့ကိုလည်းကျွန်တော်အပ်ပါတယ်။ကျွန်တော့်ညီလေးမလိမ္မာရင်လည်းဆူလို့ရိုက်လို့ရပါတယ်"

"စိတ်ချပါ အန်တီလှရဲ့တူအရင်းလေးလိုရှောင့်စောက်ပေးပါမယ်။ဖူးငုံတို့အိမ်ကိုလာလည်ရင်တွေ့ဖူးနေကြပါ။‌ရေစက်ပါလို့တွေ့ကြရတာရန်ကုန်အထိဖြစ်နေပါလား။သားနာမည်ကအကြင်နာမောင်နော်"

Love is born, because of you(Complete)Where stories live. Discover now