41 zawgyi

6.4K 105 0
                                    

Part 41

"မောင်စနေနဲ့ဘာဖြစ်ထားတာလဲ အကြင်နာ"

ထမင်းစားပွဲမှာစတော်ဘယ်ရီကိတ်ထိုင်စားနေရင်းအမေဖြစ်သူရဲ့အမေးကို အကြင်နာ နားစွင့်လိုက်သည်။သူစားချင်သည်ပြောသောကြောင့်မေမေကကြက်အသဲမြစ်ဟင်းကိုချက်နေတာဖြစ်သည်။သူကမေမေ့ကိုထိုင်စောင့်ပေးရင်းမုန့်စားနေတာပင်။

"မေးတာမကြားဘူးလား! ဒီလောက်ကောင်းတဲ့ငါ့သားမက်ကိုတော့နင်စိတ်ညစ်အောင်မလုပ်နဲ့နော်။ရွှေသားမက်၊ငွေသားမက်လေး မျက်နှာညိုးတာလာဘ်ပိတ်တယ် ဟဲ့!"

"မေမေ့! ကိုကိုကမေမေ့သားလား။အကြင်နာကိုကျစိတ်မပူပဲနဲ့။မေမေ့ သားမက်ကပဲသားကိုစိတ်ညစ်အောင်လုပ်နေတာ"

ဒေါ်ကြင်ဦးမေ အသံတိတ်ရယ်လိုက်ရင်း
အကြင်နာ့ ဘက်ကိုလှည့်လာသည်။ဆူဆူပုပ်ပုပ်နဲ့ထိုင်ကာစိတ်ဆိုးနေတဲ့သားဖြစ်သူကသားမက်ဖြစ်သူဘက်ပါနေသည်ကိုမကျေမနပ်ဖြစ်နေတာသူမသိသည်။

"ငါ့သားမက်က နင့်ကိုဒီလောက်အထိမခံရွှေ ပန်းကန်ဖြစ်နေတာ ငါကယုံမယ်"

"တော်ပြီ မေမေနဲ့မခေါ်တော့ဘူး။ကိုကိုလင်းရော၊မေမေရော ဘာလို့ကိုကို့ဘက်ရောက်သွားတာလဲ။ကိုကိုကလူဆိုးပါလို့သားပြောတာကိုဘာလို့မယုံကြတာလဲ "

ထမင်းစားခန်းထဲကစိတ်ဆိုးကာထွက်သွားသည့်အကြင်နာ့ကိုကြည့်ပြီး ဒေါ်ကြင်ဦးမေ ပြုံးလိုက်မိသည်။သူမသားလေးဒီအိမ်မှာတော်တော်လေးအချစ်ခံပြီးနေရတာပါလားလို့လည်းတွေးမိလာသည်။သူမ တောင်သားဖြစ်သူကိုဒီလောက်ထိနွေးထွေးမှု့မပေးခဲ့ဘူးမလား။လိမ္မာတဲ့ကလေးမို့သူမအတွက်အကြင်နာက အကြီးကောင်တွေလိုသိပ်သွန် သင်ဆုံးမစရာမလိုသလို၊စိတ်ပူပန်မှု့လည်းဒီကလေးကမပေးခဲ့ဘူး။သူမ သားသမီးထဲမှာ အငယ်ဆုံးလေးကအလိမ္မာ‌ဆုံးဖြစ်ပြီးစိတ်အချရဆုံးပင်။

"ကလေး!! ဘာလို့ခြေစောင့်ပြီးထွက်လာတာလဲ။ဗိုက်ထဲက ကလေးကိုသတိရဦးလေ"

အပြင်ကပြန်လာသည့် စနေဦးခိုက်ရဲ့အသံကအိမ်ရှေ့မှာဟိန်းခနဲပင်။မိပုံနဲ့ယမင်းလည်း စနေနဲ့ကိုကိုလင်းလက်ထဲကအထုတ်တွေကိုလာယူပြီးတာနဲ့ထိုနေရာမှချာခနဲကိုပြေးတော့သည်။

Love is born, because of you(Complete)Opowieści tętniące życiem. Odkryj je teraz