Part 40
အိမ်ပြန်ရောက်ထဲကစိတ်ဆိုးနေသည့်ငဂျစ်လေးကစနေဦးခိုက်ကိုစကားလည်းမပြော၊အနားကိုလည်းအကပ်မခံပေ။လတ်တလောပူပူနွေးနွေးဖြစ်ထားသည့်ကိစ္စကြောင့်စနေဦးခိုက်လည်း ဘာမှမပြောပဲစိတ်ရှိတိုင်းလုပ်ပါစေဆိုပြီးလွှတ်ပေးထားတာဖြစ်သည်။
သူ့ဗိုက်ကလေးကိုကိုင်ရင်းကြောင်စီစီလေးဖြစ်နေပုံကို စနေ့ဦးခိုက်ယခုထက်ထိမျက်လုံးထဲကမထွက်ပဲတွေးရင်းကိုအသဲယားလေဖြစ်နေတာဖြစ်၏။မယုံကြည်နိုင်လောက်အောင်ဖြစ်သွားသည့်အပြင်ကြောက်သွားမှန်းလည်း စနေသိသည်။
အကြင်နာ့ဗိုက်ထဲမှာတကယ်ပဲကလေးလေးရှိနေတာလားဆိုသည့်မေးခွန်းကလည်းအကြိမ်အရေတွက်ကိုသူမမှတ်မိအောင်ထိမေးသေးသည်။ဟုတ်မှန်ကြောင်းခေါင်းငြိမ့်ပြလိုက်ရင်ဖြင့်မျက်ရည်တွေကငွေ့ရည်ဖွဲ့ကာအကြင်နာကြောက်တယ်ဆိုပြီးအော်ငိုတော့တာပင်။ဖက်ထားပေးဖို့လူကကြံရွယ်ရင်လည်းအဖက်မခံပဲဝေးဝေးနေခိုင်းကာစိတ်ဆိုးသေးသည်။
အခုလည်းမှေးစင်းနေသည့်မျက်လုံးတွေကိုအတင်းဖွင့်ကာစိတ်ဝင်စားစရာမကောင်းသည့်ဇာတ်လမ်းတွဲကိုကြည့်နေပြန်သည်။
"ဟင့်! ကိုကို"
ဆွေ့ခနဲပွေ့ချီလိုက်လေတော့လန့်သွားဟန်ဖြင့်ကိုကိုလို့ခေါ်လာ၏။ကိုယ်က"ဘာလဲ"ဆိုသည့်အမှုအရာနှင့်ကြည့်လေမှ"ဟွန့်"ခနဲလုပ်ကာမျက်လုံးတွေကိုရင်ဘတ်သို့အကြည့်လွှဲလေသည်။
"အိပ်ချင်နေတာဘာလို့မအိပ်ပဲပေကပ်နေတာလဲ။ဆေးသောက်ထားတယ်လေအိပ်ချင်နေပြီမဟုတ်ဘူးလား"
"အကြင်နာ တစ်ယောက်ထဲအိပ်ချင်တာ။ကိုကိုလာမအိပ်နဲ့။အနားကိုမလာနဲ့"
ကြားလိုက်ရသည့်စကားကြောင့်စနေဦးခိုက်စိတ်တိုဒေါသဖြစ်သွားသည်ကအမှန်ပေ။ချီထားသူကိုကုတင်ပေါ်သို့ဖြည်းညင်းစွာချပေး လိုက်ရင်းမျက်နှာလေးကိုကြည့်လေတော့လည်းတစ်ဖက်ကိုလွှဲပစ်သည်။စိတ်ဆိုးနေတာသိသည်မို့သူ့မှာမဆူရက်ပေ။ဒါပေမဲ့ထိုအပြုအမူတွေကိုရန်ဖြစ်ပြီးသည့်နောက်တစ်ချိန်လုံးပြုမူနေတာမို့စိတ်ထဲကမွန်းကြပ်လာသလို၊ဒေါသစိတ်ကပါတိုးဝင်လာသည်။ရင်ဘတ်ထဲတစ်ခုခုနဲ့ချည်နှောင်ခံထားရသလိုတင်းကြပ်ပြီးသိပ်ကိုနာကျင်တဲ့ခံစားချက်ပင်။
VOUS LISEZ
Love is born, because of you(Complete)
Non-Fictionစနေဦးခိုက် အကြင်နာမောင် Warning !! Myanmar bl fiction Unicode & Zawgyi တတိယမြှောက်ကြိုးစားမှု့လေးကနေကြိုဆိုပါတယ်။ Starting date -4/12/22