Part 13
"ချာတိတ်!! ဘယ်သွားမလို့လဲ"
သူ့အသံကိုကြားတော့တုန်တက်သွားတဲ့ကိုယ်လုံးလေးကြောင့်စနေဦးခိုက်စိတ်အလိုမကျမှု့သေးသေးလေးဖြစ်သွားသည်။သူအခန်းထဲကထွက်လာတာ၁၀မိနစ်တောင်မရှိသေးဘူးချာတိတ်ကအပြင်တောင်ထွက်လာပြီ။ရေမချိုးပဲမျက်နှာသစ်၊သွားတိုက်ပဲလုပ်လာခဲ့သည်ထင်သည်။
"မနက်စာစားပြီးရင်အိမ်ပြန်လိုက်ပို့ပေးမယ်"
အကြင်နာ ထိုလူရဲ့အသံကိုနားမထောင်ချင်တော့ဘူး။အကြင်နာ ရှက်သည်။ကိုစနေဦးခိုက်က အကြင်နာ့ကိုဘယ်လိုအခြေနေနဲ့တွေ့ခဲ့တာလဲ၊ဒါမှမဟုတ်အဲ့အမှတ်ရာတွေက ကိုစနေဦးခိုက် ကြောင့်ရတာလား။အကြင်နာ့ဆီကဒီအရာတွေကဘယ်ကဘယ်လိုဖြစ်ပြီးဟင့်အင်း အကြင်နာစိတ်ရှုပ်လာပြီ။မငိုမိအောင်ထိန်းနေရတာမို့ထိုလူမေးတာတွေကိုလည်းပြန်မဖြေနိုင်။လူကိုအနားထိတိုးလာပြီးလက်ဆွဲခေါ်နေတာမို့အကြင်နာရုန်းလိုက်မိ သည်။အကြင်နာရုန်းလဲရုန်း,ထိုလူနဲ့လည်းအ နည်းငယ်ဝေးအောင်ခြေလှမ်းတွေကိုနောက် ဆုတ်လိုက်သည်။အကြင်နာ သူ့ကိုကြောက် သည်။အကြင်နာ့ကိုဘာမှမဖြစ်သလိုဆက်ဆံနေတာမို့ပိုကြောက်သည်။ဒါမှမဟုတ်ကိုယ်ပေါ်ကအရာတွေကသူနဲ့မဆိုင်တာများလား။ဒါဆိုအကြင်နာ့ကိုဘယ်သူက။တွေးရင်းငိုချင်လာတာမို့မျက်ရည်တွေကကျလာရပြန်သည် ။
သူ့လက်ထဲကရုန်းထွက်ပြီးလူကိုကြောက်သလိုကြည့်လာတဲ့ချာတိတ်ကြောင့်စိတ်ရှုပ်စွာဆံပင်တွေကိုလက်နဲ့သပ်တင်လိုက်သည်။
စိတ်ကိုလျော့ချပြီးချာတိတ်မကြောက်အောင်ပဲသူ့ရဲ့မျက်နှာကြောကိုပါစနေဦးခိုက်လျော့ချလိုက်သည်။"ရင်ဘတ်ကအရာတွေကြောင့်လား"
ထိုစကားကြောင့်အကြင်နာဘေးပတ်ဝန်း ကျင်ကိုမျက်လုံးတွေရွေ့လိုက်မိသည်။လှမ်းမြင်နေရသည့်ထမင်းစားခန်းမှာအန်တီတစ်ယောက်နဲ့ကောင်မလေးတစ်ယောက်ကအစားစာတွေကိုပြင်ဆင်နေသည်။သူတို့စကားပြောနေတဲ့နေရာကလည်းထမင်းစားခန်းနဲ့မဝေးတာမို့အကြင်နာထိုစကားတွေကိုရှက်မိသည်။
မျက်စိမျက်နှာပျက်သွားတဲ့ချာတိတ်ကြောင့်စနေဦးခိုက် အသံကိုထိန်းလိုက်သည်။သူ့အိမ်ကအလုပ်သမားတွေကစပ်စုတတ်တဲ့သူတွေမဟုတ်ပေမဲ့ချာတိတ်ပုံစံကအရမ်းစိုးရိမ်နေတာမို့အပေါ်ထပ်ပြန်တက်ဖို့တွေးလိုက်ရသည်။
YOU ARE READING
Love is born, because of you(Complete)
Non-Fictionစနေဦးခိုက် အကြင်နာမောင် Warning !! Myanmar bl fiction Unicode & Zawgyi တတိယမြှောက်ကြိုးစားမှု့လေးကနေကြိုဆိုပါတယ်။ Starting date -4/12/22