Part 26
လက်ထဲကဖုန်းကိုပဲ သျှင်မင်း,မနက်ထဲကစိတ်ရောက်နေတာဖြစ်သည်။အကြင်နာ,ရန်ကုန်တက်လာမယ်ဆိုတာသိပြီးပြီမို့ဖုန်းခေါ်နေသည်မှာအကြိမ်ပေါင်းမနည်း။ဖုန်းပိုင်ရှင်လေးကဘာတွေများလုပ်နေတာမို့ဖြေကြားခြင်းမရှိရတာလဲ။အလုပ်ထဲရောက်နေပေမဲ့သျှင်မင်း မျက်နှာကသုန်မှုန်နေတာဖြစ်သည်။
အကြင်နာနဲ့သူကဘဝသမားချင်းတူတူမို့
ကိုယ်ချင်းစာ၏။အကြင်နာကဖော်ရွေပြီးကြင်နာတတ်တာမို့ သူ,အကြင်နာ့ကိုသဘော ကျတာဖြစ်သည်။အကြင်နာနဲ့ရင်းရင်းနှီးနှီးရှိချင်သည်၊ခင်မင်ချင်သည်။သူစိတ်ညစ်နေတဲ့အချိန်က အကြင်နာ,ကမ်းပေးခဲ့တဲ့လက်လေးတစ်ဖက်ကိုသူဘယ်တော့မှမမေ့ပေ။ကြည်လင်တဲ့မျက်ဝန်းလေးနဲ့အပြစ်ကင်းတဲ့အပြုံးလေးနှင့်ထိုကောင်လေးကအရင့်အရင်,
ကိုနေနဲ့မတွေ့ခင်က သူ့ရဲ့ပုံစံကိုပြန်မြင်ယောင်မိသလိုပင်။သူလည်း အကြင်နာ့လိုအရမ်းကိုမှပျော်ရွှင်ပြီးလှပတဲ့အပြုံးတွေရှိခဲ့ဖူးသည်။အခုလိုသူတစ်ပါးစိတ်ကြိုက်နေပေးရသည့်သျှင်မင်းနဲ့ဘာမှမဆိုင်တဲ့ဟိုးအတိတ်က
သျှင်မင်း ဘဝကိုပြန်လိုချင်မိသည်။အကြင်နာနဲ့ဖူးငုံကိုသူခင်မင်မိသည်။ထိုသူတွေနဲ့တွေ့ရင်သူဘာမှဟန်ဆောင်ခြင်းမရှိပဲလွတ်လပ်စွာနေခွင့်ရသည်။အဆိပ်ကင်းတဲ့ပတ်ဝန်းကျင်ကလူသားတွေမို့အကြင်နာတို့နဲ့တွေ့ရင်အရမ်းပျော်မိသည်။ကိုယ့်ဘဝလိုအကြင်နာ့ကိုမဖြစ်စေချင်တာမို့ဘာပဲဖြစ်ဖြစ်အကြင်နာ့ကိစ္စကိုကူညီချင်သည်။သူ့အရိပ်လိုဖြစ်နေတဲ့အကြင်နာ့ကို
သျှင်မင်းတကယ်သဘောကျသည်။အရင်ကသျှင်မင်း မဖြစ်နိုင်တော့ပေမဲ့ကိုယ့်ကိုယ်ကိုယ်ဒီနွံထဲကရုန်းထွက်ချင်အောင်တွန်းအားလေးမို့ အကြင်နာ့ကိုကျေးဇူးတင်သည်။စနေဦးခိုက် လက်ထဲခြေချုပ်မိသွားရင်ကိုယ့်ဘဝထက်အကြင်နာကစိုးနိုင်သည်။အကြင်နာသာသဘောမတူရင် စနေဦးခိုက်ဆီကသူဆွဲထုတ်ပေးမည်။အကြင်နာ့ကိုသူ့လိုတကယ်မဖြစ်စေချင်တာ သျှင်မင်းဘဝနဲ့ရင်းပြီးမှရလာသည့်စေတနာဖြစ်သည်။
![](https://img.wattpad.com/cover/325072634-288-k703359.jpg)
BẠN ĐANG ĐỌC
Love is born, because of you(Complete)
Phi Hư Cấuစနေဦးခိုက် အကြင်နာမောင် Warning !! Myanmar bl fiction Unicode & Zawgyi တတိယမြှောက်ကြိုးစားမှု့လေးကနေကြိုဆိုပါတယ်။ Starting date -4/12/22