2

42.1K 2.3K 17
                                    


Part 2

လှပတဲ့လိုက်တင်မီးဆိုင်းများ၊ကင်မရာရိုက် ချက်တစ်ဖြတ်ဖြတ်သံတွေနဲ့နေရာလေးတစ်ခုမှာတော့လူအနည်းစုသည်သူ့အလုပ်နဲ့သူရှုပ် ယှက်ခတ်နေကြသည်။သန်မာတဲ့ညာဘက်လက်မှကင်မရာကိုကိုင်လျက်မော်လ်ဒယ်ရဲ့ကိုယ်နေဟန်ထားကိုစိတ်တိုင်းမကျချင်းပြုပြင်ခိုင်းရင်းသူလိုချင်သည့်ပုံရိပ်တွေကိုလည်းထိုလူသည်အမိအရရိုက်နေသေးသည်။

ထိုသူကတော့ နာမည်ကြီးလူငယ်ဓာတ်ပုံ ဆရာစနေဉီးခိုက်ဖြစ်၏။ထိုလူနှင့်ဓာတ်ပုံရိုက်ခွင့်ရသည့် Model ကလည်းမော်ကြွားလျက်ရှိသည်။စနေဦးခိုက်နှင့်ဓာတ်ပုံရိုက်ချင်ရင်ငွေတတ်နိုင်တိုင်းမရသည်ကိုဒီလောကလူတိုင်းသိသည်။စိတ်တိုင်းကျသည့်အလုပ်မျိုးမှလက်ခံတတ်သည့်ထိုသူသည်အခုရိုက် ကွင်းကလည်းသူ၏အခင်မင်ဆုံးသူငယ် ချင်းဖြစ်သူအကူညီတောင်း၍လက်ခံပေးခြင်းဖြစ်သည်။

"ဟန်နီ ကင်မရာဘက်ကိုမျက်နှာကိုမူပေး ကိုယ်အနေထားကတော့အဆင်ပြေတယ်။အရမ်းကြီးပြုံးလိုက်စရာမလိုဘူး အိုကေ!အဲ့သည့်အတိုင်းလေး"

စနေဦးခိုက် လိုချင်တဲ့အနေထားနဲ့ပိုစ့်ကိုရကာမှခပ်ထေ့ထေ့လေးပြုံးလာသည်။မနက်ထဲကသူတို့ဓာတ်ပုံရိုက်နေကြတာအခုပဲ၁၂နာရီကိုကျော်ပြီးနေ့လည်ထမင်းစားချိန်ဖြစ်နေပြီမို့ဝန်ထမ်းတွေလည်းဗိုက်ဆာနေသည်ကို စနေသိသည်။သို့ပေမဲ့အလုပ်ကိုတစ်ခါတည်းအ ပြီးလုပ်မှအကြိုက်တွေ့တတ်သည့် စနေ့အကြောင်းကိုသိထားကြသည့်အဖွဲ့သားတွေကတော့ဒါကိုနောကြေနေပြီဖြစ်သည်။

"ကိုစနေဦးခိုက် စိတ်ကြိုက်ဖြစ်ရဲလား
.... အဆင်မပြေရင်‌ပြော အားမနာနဲ့နော်"

"အဆင်ပြေတယ်ဟန်နီ ကဲ့! အားလုံး
နေ့လည်စာစားပြီးမှပြန်ပြီးအလုပ်စကြမယ်"

ဟန်နီမေ သူ့ကိုစကားလာရောနေမှန်း စနေ သိသည်။သို့သော်စနေဦးခိုက်ဆိုတာအလုပ်မှာကိုယ်ရေးကိုယ်တာအတွက်အချိန်ပေးချင်တဲ့သူမဟုတ်တာသူ့အကြောင်းကိုစိတ်ဝင်စားမူ့ရှိတဲ့အမျိုးသမီးတွေကသိထားမှာအသေ အချာပေ။ဒီ့အတွက်သူ့ဘက်က ဟန်နီမေ့ကိုအားနာသည့်စိတ်မဖြစ်ပေးနိုင်။ဒီနေ့တစ်ရက်ထဲနဲ့shootingကိုအပြတ်ဖြတ်ချင်သည်။‌
နေညွန့်ရဲ့entertainment အတွက်မို့သူကိုယ်တိုင်ဓာတ်ပုံရိုက်ပေးနေတာဖြစ်သည်။သူ့ရဲ့လက်ရာနဲ့မှလာအပ်ထားတဲ့productကနာမည်ပေါက်မယောင်ပြောနေတဲ့ နေညွန့်ကြောင့်မအားတဲ့ကြားကနေအချိန်ပေးနေရသည်။

Love is born, because of you(Complete)Where stories live. Discover now