“ချွင်ချွင်…ချွမ်ချွမ်…ကလောင်ကလောင်”
ခလောက်သံ၊ချူ သံတွေတချွင်ချွင်တချွမ်ချွမ်နဲ့လှည်းလမ်းကြောင်းတစ်လျှောက်မှာလှည်းယဉ်တစ်စီးမောင်းနှင်လာသည်။နေမွန်းတည့်ချိန်မို့အညာနေကစူးစူးရဲရဲပူနေသည်။လှည်းယဉ်ကျော့ရဲ့နောက်မှာတော့ဖုန်လုံးကြီးကတလိမ့်လိမ့်နဲ့။
ခမောက်ဝိုင်းတစ်လုံးကိုဆောင်းထားပြီးဖလန်နယ်အကွက်ကျဲလက်ရှည်အင်္ကျီကိုဝတ်ဆင်ထားသည့်လူငယ်လေးမောင်းနှင်လာသည့်လှည်းယဉ်ပေါ်မှာရွှေခြေကျင်းနဲ့ပုသိမ်ထီးဆောင်းထားတဲ့အညာသူပျို ဖြူ လေးတော့ပါမလာ။လှည်းပေါ်မှာပါလာတာကတစ်ခေါင်းလုံးဖြူ ဖွေးနေသည့်ဆံကေသာကိုပိုင်ဆိုင်ထားသည့်အသက်ရှစ်ဆယ်ကျော်အရွယ်ဘိုးဘိုးဒေါနသာဖြစ်လေသည်။
ဘိုးဘိုးဒေါနကထီးကောက်ကြီးကိုဖွင့်ကာဆောင်းပြီးနေမွန်းတည့်ချိန်၏အပူဒဏ်ကိုကာကွယ်
ထားလေသည်။လှည်းမောင်းသမားကတော့သူနဲ့တစ်အိမ်တည်းအတူနေသည့်မြေးလေးဖိုးခွေး
ဖြစ်သည်။ဖိုးခွေးရဲ့နာမည်အရင်းကပြည့်ဝသော်တာစန်း။ဘိုးဘိုးဒေါနအလှူမှာဇမ္ဗူ နဲ့တွဲပြီးမောင်နှမအတွဲအနေနဲ့သပိတ်လွယ်သင်္ကန်းပိုက်လိုက်ခဲ့တဲ့မ
ကြီးစန်းရဲ့မောင်ငယ်လေးပြည့်ဝသော်တာစန်း။နာမည်လေးကလှပေမဲ့မှတ်ပုံတင်ထဲမှာပဲရှိသည်။တကယ့်ပြင်ပလောကမှာတော့တစ်ရွာလုံးကသူ့ကိုဖိုးခွေးဟုသာခေါ်ကြသည်။သူငယ်ငယ်ကကျန်းမာရေးချူ ချာလွန်းလို့အဘိုး
ဖြစ်သူကရွာမှာအသက်ရာကျော်ရှည်ခဲ့တဲ့ရာကျော်ဘိုးဘိုးဦးခွေးရဲ့နာမည်ကိုလိုင်စင်မဲ့ယူသုံးပေးလိုက်တာမောင်ခွေးဖြစ်သွားသည်။မောင်ခွေးလို့နာမည်ရကတည်းကသူလည်းကျန်းမာရေးဒေါင်ဒေါင်မြည်သွားခဲ့သည်။ခမည်းလိုလို့ပေးခဲ့ရတဲ့နာမည်ရဲ့နောက်မှာနွားမလေးတစ်ကောင်ပါအဆစ်ပါသည်။ရွှေတုတ်လို့ခေါ်တဲ့နွားမလေးကိုနာမည်နဲ့အတူခမည်းပေးခဲ့ရသည်။ဖိုးခွေးကို ဘိုးဘိုးဒေါနကအိမ်မှာပဲခေါ်ထားပြီးကျွေးမွေးစောင့်ရှောက်ခဲ့သည်။အခုတော့ဖိုးခွေးကလူပျို ကြီးဖားဖားဖြစ်နေပြီ။ဖိုးခွေးကအောင်စုနဲ့သက်တူရွယ်တူတွေဖြစ်သည်။သူကအောင်စုထက်အရင်ဆယ်တန်းအောင်ခဲ့သူမို့အခုဆိုဘွဲ့
တောင်ရပြီးနေပြီ။ဒါပေမဲ့အသက်(၈၀)ကျော်အဘိုးရဲ့အရိပ်အောက်မှာနေရတဲ့သူမို့သူ့ကိုယ်သူကလေးလို့ထင်နေတုန်းပင်ဖြစ်သည်။
YOU ARE READING
Fanfictionအညာမြေ fic ရဲ့ book-3 လေးပါ... အညာမြေ fic ရဲ့ book-3 လေးပါ။