မိုးသစ္စာမောင်တို့အဖွဲ့ခေါင်တိုင်တောရကျောင်းကိုရောက်လာကြသည်။ကျောင်းဝင်းကိုဝိုင်းပတ်ကာရံထားသည့်ကျောင်းစည်းရိုးကရှည်
လျားသည့်ဆူးချွန်ကြီးတွေနှင့်ရှားဇောင်းကြီးပင်၊မိုးနှံခြုံပင်တွေအပြင်ကြာပွင့်ကြီးလိုအပွင့်
ကြီးတွေပွင့်သည့်ပဒုမ္မာပင်ကြီးတွေဖြစ်သည်။ကန္တာရတောလိုဖြစ်နေသည့်နေရာတွင်ရှင်သန်
ပေါက်ရောက်သည့်ထိုဆူးပင်တွေကသဘာဝတံတိုင်းကြီးဖြစ်နေသည်။ဝင်ပေါက်ကနေကျောင်းဝင်းထဲဝင်လာကြပြီး
ကျောင်းဝိုင်းထဲရောက်မှဖိုးခွေးကလှည်းကိုထနောင်းပင်အောက်တွင်ရပ်လိုက်သည်။ကျောင်းစောင့်ခွေးတွေကဘိုးဘိုးဒေါနကိုမြင်
တော့အမြီးနှံ့ပြီးကြိုနေကြသည်။ကျောင်းထဲ
ရောက်တော့မိုးသစ္စာမောင်တို့တစ်ဖွဲ့လုံးအံ့အားသင့်ရလေသည်။အကြောင်းမှာအုတ်တံတိုင်းကြီးကာရံထား
သည့်ဘုရားတံတိုင်းနှင့်ထုထည်ပမာဏကြီးမားခန့်ထည်လွန်းလှသည့်စေတီကြီးတစ်ဆူကိုတွေ့လိုက်ရသောကြောင့်ဖြစ်သည်။စေတီ
ကြီးကိုအဝေးကနေပင်မြင်တွေ့နိုင်သော်လည်းရွှေလောင်းကုန်းကိုဖြတ်သန်းလာခဲ့ပြီးစိတ်တွေကမတည်မငြိမ်ဖြစ်နေသောကြောင့်သတိမထားမိဘဲဖြစ်ခဲ့ရသည်။ထို့ပြင်မျက်စိကျိန်းလောက်အောင်သစ်လွင်
တောက်ပနေသည့်ဓမ္မာရုံကြီးတစ်ခုကိုလည်း
တွေ့ရသည်။နှစ်ထပ်ကျောင်းဆောင်၊တစ်ထပ်
ကျောင်းဆောင်၊တစ်ပါးနေကျောင်းဆောင်၊ဆွမ်းစားကျောင်းဆောင်စသည်စသည်အဆောင်
ဆောင်အခန်းခန်းနှင့်ခမ်းနားလှသောဘုန်းကြီး
ကျောင်းကြီးဖြစ်နေခြင်းကြောင့်အထင်နှင့်အ
မြင်တက်တက်စင်အောင်လွဲရလေသည်။တောကျောင်းဆိုလို့ပါချီပါချက်သေးသေးမွှားမွှားလေးလို့ထင်ခဲ့မိတာဖြစ်သည်။“ဘိုးဘိုးဒီမှာသံဃာဘယ်နှစ်ပါးရှိလဲ"
“ကျောင်းထိုင်ဆရာတော်ကြီးရယ်၊အခန်းနေဦးဇင်းကြီးတစ်ပါးရယ်၊ဆရာတော်ကိုဝတ်
ကြီးဝတ်ငယ်ပြုစုပေးနေတဲ့ကပ္ပိယကြီးဦးသာဗျောရယ်ဒါပဲရှိတယ်”“ကျောင်းဆောင်တွေကများလိုက်တာ”
“သင်္ကြန်တွင်းတရားစခန်းရှိတယ်လေ”
YOU ARE READING
Fanfictionအညာမြေ fic ရဲ့ book-3 လေးပါ... အညာမြေ fic ရဲ့ book-3 လေးပါ။