ဇမ္ဗူ အလုပ်ကနေအိမ်ပြန်မလာခင် shopping mall တစ်ခုကိုဝင်ပြီးဈေးဝယ်သည်။အိမ်မှာ
ခတ္တာလေးရောက်နေတယ်လို့အကိုမြင့်မိုရ်က
ဖုန်းဆက်ပြီးပြောထားတော့တစ်ဦးတည်းသောတူလေးစားဖို့မုန့်ဝယ်ထွက်ရသည်။အိမ်ကအမွှာလေးနှစ်ယောက်မှာအကြီးကောင်
ကအာလူးကြော်ကြိုက်သည်။အငယ်မလေးက
နို့ပူတင်းကြိုက်သည်။ကိုယ့်အသက်လေးကစ
တော်ဘယ်ရီသီးဖျော်ရည်ကြိုက်သည်။ဘိုးဘိုး
ဒေါနကဒိန်ချဉ်…ကြီးထွေးကမလိုင်လုံး။စဉ်းစားရင်းတွေးရင်းနဲ့အမျိုးတွေလည်းကုန်ပါပြီ။ဖိုးခွေးကိုသတိရမိတော့နှာခေါင်းရှုံ့မိသည်။ဟွန့်…သူ့ဘဲကြီးကသူဌေး။ဟိုကောင်ငမိုးပဲဝယ်
ကျွေးပစေ။ထားလိုက်တော့မယ်။mall ထဲကထွက်ခါနီးသစ်ကြားသီးနေကြာစေ့
တွေ့တော့ငါ့အသက်လေးကကြိုက်တယ်ဆိုပြီးဝယ်မိပြန်သည်။ဝယ်လာသမျှအထုပ်တွေထဲမှာကိုယ့်အတွက်တစ်ခုမှမပါ။အိမ်ကလူနဲ့သူ့အမျိုး
တွေအတွက်တော့တနင့်တပိုးပါသည်။ဇမ္ဗူ ရွာကအိမ်ကိုပြန်ရောက်တော့ဝယ်လာတဲ့အထုပ်တွေကိုစိုင်းကျော်နဲ့ဖားလေးကဆွဲသွားကြသည်။သူကတော့ခတ္တာလေးအခန်းဆီပဲတန်းသွားလိုက်သည်။အိမ်မှာခတ္တာလေးနေတဲ့အခန်းကအရင်ကတည်းကသီးသန့်ရှိနေသည်။အခန်းတံခါးကိုဆွဲဖွင့်လိုက်တော့-
“ဟင်…"
မြင်ရတာနဲ့တင်ဒေါသထွက်ချင်စရာ။မြတ်လေးဆိုတဲ့ကောင်သူ့တူကိုဖက်အိပ်နေတာရစရာမရှိ။ခတ္တာတစ်ကိုယ်လုံးသူ့အောက်ရောက်နေပြီ။
ကိုယ့်တူလေးက ကလေးပဲဆိုပေမဲ့ဒီကောင်က
တော့ကလေးမဟုတ်။ဒီကောင့်စိတ်ကလည်းယုံရတာမဟုတ်။ခတ္တာနဲ့မြတ်လေးကကိုယ့်အိမ်ကိုယ့်ယာဆိုတော့စိတ်လွတ်ကိုယ်လွတ်နဲ့အိပ်နေ
ကြသည်။ဇမ္ဗူ အနားရောက်တာနဲ့မြတ်လေး
ပေါင်ကိုဖြန်းခနဲ့ရိုက်ချလိုက်သည်။“ဟေ့ကောင်မျောက်ညိုထစမ်း"
“အင်…ဟင်"
မြတ်လေးခေါင်းထောင်ကြည့်ရင်းဇမ္ဗူ့ ကိုမြင်တော့ငုတ်တုတ်ထထိုင်လိုက်သည်။
“ဦးစိတ်တိုပြန်လာပြီလား"
“အေး…ပြန်လာပြီ။မင်းကဒီမှာဘာလုပ်နေတာလဲ"
YOU ARE READING
Fanfictionအညာမြေ fic ရဲ့ book-3 လေးပါ... အညာမြေ fic ရဲ့ book-3 လေးပါ။