နောက်တစ်နေ့မနက်မိုးလင်းတဲ့အချိန်မှာထနောင်းတို့တစ်ဖွဲ့လုံးမနက်စောစောရေထချိုးကြသည်။နေမမြင့်ခင်ပုဂံမြို့ဟောင်းထဲဘုရားဖူးထွက်
ကြမှာမို့ဝီရိယကောင်းကောင်းနဲ့ပြင်ဆင်ကြသည်။မနက်စာကိုတော့မိုးသစ္စာမောင်ကသူ့ဟိုတယ်
ကနေမှာပေးသည်။ပုဂံသစ္စာဟိုတယ်ကမနက်
စာအတွက်အစားအသောက်တွေစီစဉ်ပြီးကားနဲ့လာပို့ပေးသွားသည်။ထနောင်းတို့တစ်ဖွဲ့လုံး
မနက်စာစားပြီးသွားတော့အထုပ်အပိုးတွေကားခေါင်မိုးပေါ်တင်ကြသည်။ကားသမားဆယ်ပြားနဲ့သူ့ညီကကားခေါင်မိုးပေါ်တက်ပြီးပစ္စည်းတွေကြိုးနဲ့တုပ်ကြသည်။ဇမ္ဗူ နဲ့ဖိုးသန်းဝင်းကကားဘေးတစ်ဖက်တစ်ချက်ကနေ
ရပ်ပြီးမော့ကြည့်နေကြသည်။ပြီးတော့ဟိုလိုလုပ်ပါလား၊ဒီလိုလုပ်ပါလားနဲ့လက်ညှိုးထိုးပြီးခိုင်း
ကြသည်။အထုပ်တွေကစောင်းနေပြီ။ကြိုးချည်
တာမမြဲဘူး။နောက်ထပ်တင်းအောင်ဆွဲလိုက်ပါဦးနဲ့ဇမ္ဗူ ကအော်လိုက်၊ဖိုးသန်းဝင်းကအော်လိုက်။အပေါ်ကနှစ်ယောက်နဲ့အောက်ကနှစ်ယောက်
ကကားပေါ်အထုပ်တင်ချိန်ရောက်ရင်အတိုင်အ
ဖောက်ဘယ်တော့မှမညီ။ကျန်တဲ့အချိန်ဆိုညီသည်။ခရီးထွက်လာတာကသင်္ကြန်မတိုင်ခင်ရက်
ဆိုတော့ကားရပ်ပြီးရေပက်တာတို့၊တစ်ယောက်
ကိုတစ်ယောက်ချောက်တွန်းတာတို့ဆိုရင်ညှိစရာမလို။မျက်စပစ်ပြတာနဲ့ချက်ဆိုနားခွက်ကမီးတောက်ကြသည်။ထနောင်းကတော့ဘေးကနေပဲရပ်ကြည့်နေ
သည်။ဝေဖန်ကြည့်ရှုထောက်ပြပေးမဲ့ဆရာကြီး
နှစ်ပါးရှိနေတော့သူဘာမှဝင်ပြောစရာမလို။ကားပေါ်အထုပ်တွေတင်ပြီးသွားတဲ့အချိန်မှာထနောင်းတို့တစ်ဖွဲ့လုံးကျောင်းထိုင်ဘုန်းကြီးကိုရှိခိုးဝပ်ပြု ကြသည်။ဝတ္ထုငွေကပ်လှူကြသည်။ထို့
နောက်ဘုန်းကြီးကျောင်းမှထွက်ခွာလာပြီးပုဂံဘုရားဖူးခရီးစဉ်ကိုစတင်လေသည်။ထနောင်းတို့အဖွဲ့အရင်ဆုံးရောက်သွားသည့်ဘုရားကလောကနန္ဒာဘုရား။ထိုဘုရားတွင်ဖိုး
ခွေးကငါးကြော်ဝယ်စားသည်။ငါးကြော်ကလက်
မလောက်ငါးလေးနှစ်ကောင်ကိုမုန့်နှစ်နဲ့ကပ်ပြီးမျက်နှာချင်းဆိုင်ပေးထားသည်။ငါးပေါင်းကြော်
တစ်ခုမှငါးနှစ်ကောင်တည်းပဲပါသည်။
YOU ARE READING
Fanfictionအညာမြေ fic ရဲ့ book-3 လေးပါ... အညာမြေ fic ရဲ့ book-3 လေးပါ။