သပြေတန်းရွာကိုဦးတည်ပြီးလာနေသည့်ကားတန်းကြီးကရွာထိပ်တွင်ရပ်တန့်သွားသည်။မိုးသစ္စာမောင်ရဲ့အဘိုးဦးသစ္စာနဲ့ဆွေတော်မျိုးတော်တွေဖိုးခွေးကိုလာရောက်တောင်းရမ်းကြခြင်းဖြစ်
သည်။ဖိုးခွေးကိုတောင်းရမ်းဖို့ရာသူတို့ဘက်ကလုပ်ပေးရမဲ့ဝတ္တရားတစ်ခုဆိုတာထက်ကိုပိုပြီးအလေးပေး၊အရေးပေးပြီးလုပ်ဆောင်နေကြသည်။ရွာထိပ်တွင်အသင့်စောင့်နေသည့်ဇမ္ဗူ ကသူ့ယောက်ဖကိုသူ့ကားပေါ်တင်ပြီးရွာထဲခေါ်သွား
သည်။ကားတွေသူ့နောက်ကတန်းစီပြီးပါသွားသည်။မိုးသစ္စာမောင်စီးလာတဲ့ကားကတော့တင်ကိုနဲ့အေးလွင်ကိုခေါ်ပြီးဆန့်ကျင်ဘက်အရပ်သို့ထွက်သွားလေသည်။ဖိုးခွေးအိမ်ပြန်ရောက်တော့အိမ်မှာစေ့စပ်ကြောင်းလမ်းပွဲအတွက်ရွာထုံးစံအတိုင်းကန်တော့ပွဲပေါင်းများစွာနဲ့ပြင်ဆင်ထားသည်။အမျိုးတွေလည်းစုရုံးရောက်ရှိနေကြသည်။လာသမျှအမျိုးတွေကို
ရေခဲမုန့်တွေ၊ကိတ်မုန့်တွေကျွေးထားသည်။ဇမ္ဗူ ကဖိုးခွေးကိုအိမ်ထဲခေါ်သွားပြီးအဝတ်အ
စားဝတ်ပေးသည်။အဖြူ ရောင်လည်ကတုံးစတစ်ကော်လံအင်္ကျီ ၊မိုးပြာရောင်တိုက်ပုံ၊မိုးပြာရောင်ပိုးပုဆိုးတို့ကိုပြောင်းလဲဝတ်ဆင်ပေးပြီးအပြာ
ရောင်ကတ္တီပါဖိနပ်လေးစီးပေးသည်။ပြင်ဆင်ပြီးသွားမှသူ့ယောက်ဖလေးကိုအိမ်ရှေ့ခေါ်ထုတ်
လာခဲ့သည်။ဖိုးခွေးမျက်နှာကသုန်မှုန်နေသည်။သူကတော့ပြင်ဆင်ပြီးထွက်လာပြီ။သူ့ကိုတောင်းရမ်းမဲ့ကိုမိုးကဘယ်မှာလဲ။ရုတ်တရတ်သူ့အိမ်ဝိုင်းထဲကိုခြူ သံတွေ၊ခလောက်သံတွေတချွင်ချွင်နဲ့လှည်းတစ်စီးမောင်းဝင်
လာသည်။ဦးချိုကားကားနဲ့ထွားကျိုင်းသန်မာလှသည့်ခိုင်းနွားကြီးတစ်ရှဉ်းကိုခြူ လုံးတွေ၊ပန်းပွား
တွေဆင်မြန်းပြီးလှည်းမောင်းလာသူကမိုးသစ္စာ
မောင်။ဖိုးခွေးရဲ့နာမည်ပြည့်ဝသော်တာစန်းလို့
ရေးထိုးထားသည့်အဝါရောင်သုံးထောင့်ချွန်းအလံလေးကိုလှည်းတံပိုးအလယ်တည့်တည့်တွင်
စိုက်ထူထားသည်။ပြီးတော့လှည်းနောက်မှာလှည်းဆွဲတဲ့နွားကြီး
တွေနဲ့အရွယ်တူ၊ဆိုဒ်တူနွားချောနွားလှကြီး(၈)
ကောင်ကိုဖိုးသန်းဝင်းဦးဆောင်သည့်ရွာကာလသားတွေကတစ်ကောင်စီဆွဲလာကြသည်။နွား
ကြီးတွေရဲ့ကိုယ်ပေါ်မှာပန်းပွားတွေ၊ခြူ လုံးတွေနဲ့အလှဆင်ထားသည်။နွားချိုတွေမှာလည်းသ
ပြေခတ်တွေချည်ထားသည်။
YOU ARE READING
Fanfictionအညာမြေ fic ရဲ့ book-3 လေးပါ... အညာမြေ fic ရဲ့ book-3 လေးပါ။