မြတ်လေးခတ္တာရဲ့ပုခုံးနှစ်ဖက်ကိုခပ်တင်းတင်းဆုပ်ကိုင်လိုက်မိသည်။
“ကလေး…ကလေးနေမကောင်းဖြစ်ပြီးယောင်
နေတာပါ။ဟုတ်တယ်မို့လား။ကလေးကဘာမှ
မသိဘူးမို့လား”ခတ္တာကမြတ်လေးကိုရင်းနှီးမှုတွေအစားကြောက်ရွံ့နေတဲ့မျက်လုံးလေးတွေနဲ့ကြည့်နေသည်။
မြတ်လေးခတ္တာကိုရင်ခွင်ထဲဆွဲဖက်ထားလိုက်မိသည်။မဖြစ်စေချင်ဘူး။ခတ္တာလေးကိုဘဝဟောင်းကဇာတ်ကြောင်းတွေဘာမှပြန်မသိစေချင်
ဘူး။ခတ္တာလေးကသူ့ကိုအရှင်သခင်တစ်ပါးလို
ကြောက်ရွံ့ခစားနေတာကိုသူတကယ်ပင်မလိုလားပေ။သူဘယ်လိုလုပ်ရမလဲ။“နောင်းနောင်း…ကျွန်တော်ဘယ်လိုလုပ်ရမလဲ။ခတ္တာလေးကိုဘာမှပြန်မသိစေချင်ဘူး။ဘဝသစ်
မှာစိတ်သစ်လူသစ်နဲ့ပျော်ရွှင်နေတဲ့ကလေးတစ်
ယောက်ပဲဖြစ်နေစေချင်တယ်။ဒီအရွယ်လေးနဲ့စိတ်ဆင်းရဲနာကျင်ရမှုတွေမခံစားစေချင်ဘူး။ကျွန်တော်ဘယ်လိုလုပ်ရမလဲဗျာ”“ခေါင်တိုင်ဆရာတော်ကြီးဆီသွားရအောင်။
ဒီကလေးကိုဆရာတော်ကြီးပဲကယ်နိုင်မှာ”ထနောင်းအကြံပေးတာကြောင့်ခတ္တာလေးကို
ခေါ်ပြီးဆရာတော်ကြီးသီတင်းသုံးရာခေါင်တိုင်
ကျောင်းဆီသို့ထွက်လာခဲ့ကြသည်။ဆရာတော်
ကြီးဆီရောက်တော့မြတ်လေးကခတ္တာလေးအ
ခြေအနေကိုပြောပြပြီးအကူအညီတောင်းသည်။ဆရာတော်ကြီးက-“ဒီကလေးကိုအတိတ်ဘဝကအကြောင်းတွေပြန်မသိစေချင်ရင်အတိတ်ဘဝကအကြောင်းအရာတွေနဲ့သူ့ကိုအဆက်ပြတ်အောင်လုပ်ပေးရ
မယ်"“မှန်ပါ့ဘုရား။ဘယ်လိုများလုပ်ရမှာလဲဘုရား"
“သူ့ရဲ့ဘဝဟောင်းကိုပြန်သိစေနိုင်မဲ့သူကရွှေ
လှေကြီးကိုစောင့်ရှောက်နေတဲ့သုရိန္ဒပဲ။သုရိန္ဒကခတ္တာလေးအပေါ်မှာအမုန်းတရားနဲ့ချည်နှောင်ထားတာ။သူတို့နှစ်ယောက်ရဲ့ဆက်နွယ်မှုကိုဖြတ်တောက်ပစ်မှရမှာ။အဲဒီတော့ဒီကလေးအတွက်ရည်ရွယ်ပြီးလှူခဲ့တယ်ဆိုတဲ့ရွှေလောင်းလှေ
ကြီးရှိတယ်မဟုတ်လား။အဲဒီလှေကိုသုရိန္ဒဆီ
ကခဏပြန်တောင်းလို့ရမလား”“ရပါတယ်ဘုရား။တပည့်တော်ကပိုင်ရှင်ပဲ။သူမပေးချင်ရင်တောင်မပေးဘဲနေလို့မရပါဘူး။တ
ပည့်တော်ကသူ့ကိုအမိန့်ပေးပြီးဆင့်ခေါ်လို့ရပါတယ်”
ESTÁS LEYENDO
Fanficအညာမြေ fic ရဲ့ book-3 လေးပါ... အညာမြေ fic ရဲ့ book-3 လေးပါ။