နွေရာသီကျောင်းပိတ်ရက်ကိုရောက်မှခတ္တာလေးအရင်ကထက်ပိုပြီးချုပ်ချယ်ခံနေရသည်။အရင်တုန်းကကျောင်းမှာပဲကိုကိုနှင့်တွေ့ရသည်။ကျောင်းဆင်းရင်ကိုကိုနဲ့မတွေ့ရဘဲအိမ်မှာလွတ်
လပ်စွာနေခွင့်ရသည်။အခုတော့ကျောင်းပိတ်ပါ
ပြီဆိုကတည်းကကိုကိုကနေ့တိုင်းအိမ်ကိုလာနေသည်။ခတ္တာလေးနဲ့ထမင်းအတူစားချင်လို့ပါလို့ဆိုလာတော့မြင့်မိုရ်လည်းခွင့်ပြုပေးထားရ
သည်။ခွင့်မပြုလို့လည်းမရ။မနက်လည်းမနက်မို့နေ့လည်လည်းနေလည်မို့တစ်နေ့နှစ်ခေါက်အိမ်ကိုချိုင့်
ကြီးချိုင့်ငယ်နဲ့စားစရာတွေသယ်သယ်လာနေတာကိုဘယ်လိုမှပိတ်ပင်တားဆီးလို့မရ။မနက်ခင်းမြတ်လေးရောက်လာရင်ခတ္တာလေးကအိပ်ယာကတောင်မနိုးသေး။မြတ်လေးကခတ္တာလေးကိုသူကိုယ်တိုင်နှိုးပြီးမျက်နှာသစ်အ
ဝတ်အစားလဲပေးသည်။မနက်စာကျွေးသည်။
ခတ္တာလေးရဲ့ဝေယျာဝစ္စတွေအကုန်လုပ်ပြီးမနက်စာအတူစားပြီးမှမြတ်လေးအိမ်ပြန်သည်။မြင့်မိုရ်လည်းမြတ်လေးနဲ့ခတ္တာကိုဒီအတိုင်းပဲကြည့်နေရတော့သည်။နေ့တဓူဝကိုယ့်သားကိုလာ
ပြီးဂရုစိုက်စောင့်ရှောက်ပေးနေတာသူကအဖေလား၊ကိုယ်ကအဖေလားပြန်စဉ်းစားနေရသည်။မြတ်လေးကကလေးလူကြီးလေးဖြစ်သည်။သူ့
စိတ်ကနားလည်ရခက်သည်။လုပ်ငန်းကိစ္စတွေ
ပြောရင်သူကကိုယ့်ထက်ပိုပြီးအာရုံစူးစိုက်မှုရှိသည်။စကားပြောပုံဆိုပေါက်ကလည်းတည်ကြည်
ငြိမ်သက်လွန်းသည်။ခတ္တာနဲ့ပတ်သတ်ရင်အ
ပြောင်အပျက်ဆိုတာသူ့မှာလုံးဝမရှိ။အရာအားလုံးကအတည်အတံ့တွေချည်းသာ။ကလေးတွေပဲငယ်ပါသေးတယ်လို့တွေးပေမဲ့မြတ်လေးပုံစံကစိတ်ကစားတတ်တဲ့ကလေးတစ်ယောက်ပုံလည်းမဟုတ်။ဒီနေ့လည်းမြတ်လေးအိမ်ကိုရောက်လာသည်။မနက်စာစားဖို့လာတာ
ကိုယ့်အိမ်ကကျွေးတာစားဖို့လာတာမဟုတ်။သူစီစဉ်တာကိုပဲအိမ်ကလူတွေကထိုင်စားနေရသလိုမျိုးဖြစ်နေသည်။ထုံးစံအတိုင်းခတ္တာလေးကတော့မနိုးသေးပေ။မြတ်လေးကခတ္တာလေးကိုသူကိုယ်တိုင်နှိုးချင်တာမို့မနက်ခြောက်နာရီထိုးတာနဲ့အိမ်ရောက်လာခဲ့သည်။မြတ်လေးခတ္တာအခန်းထဲဝင်လာခဲ့သည်။ခတ္တာလေးကငြိမ်းငြိမ်းချမ်းချမ်းအိပ်နေမယ်လို့သူထင်ထားမိပေမဲ့သူထင်သလိုမဟုတ်ခဲ့။တစ်ကိုယ်လုံးစောင်ပတ်ပြီးပုဇွန်တုပ်လိုကွေးနေတဲ့ခတ္တာကိုမြင်တော့မြတ်လေးမျက်မှောင်ကြုံ့မိသည်။ဒါကခတ္တာလေးအိပ်နေကျပုံစံမဟုတ်။
YOU ARE READING
Fanfictionအညာမြေ fic ရဲ့ book-3 လေးပါ... အညာမြေ fic ရဲ့ book-3 လေးပါ။