အခန်း(၁၁)
469 39 4
မိုးသစ္စာမောင်ရောက်သွားတဲ့အချိန်မှာနွားမ
ကြီးကခြေထောက်တွေကဆုန်ပေါက်ပြီးဂဏှာမငြိမ်။မွေးတော့မဲ့လက္ခဏာတွေပြနေသည်။
မွေးလမ်းကြောင်းကအကျိအချွဲတွေဆင်းလာသည်။နောက်တော့နွားဖြူ ဖြူ လေးတစ်ကောင်မွေးထွက်လာသည်။
နွားလေးမွေးပြီးမကြာခင်အချင်းပါကျလာ
သည်။အချင်းကအောက်ကိုပြုတ်မကျ ဘဲတွဲ
လောင်းဖြစ်နေသည်။နွားမကြီးကလည်းငြိမ်ငြိမ်မနေ။ငုတ်တိုင်မှာကြိုးချည်ထားလို့သာတော်
တော့သည်။ဝိုင်းကြီးပတ်ပတ်ဒူဝေဝေဖြစ်နေသည်။ငုတ်တိုင်ကိုဗဟိုပြု ပြီးတစ်ပတ်လည်အောင်လှည့်ပတ်သွားနေသည်။
ရွာတွေမှာနွားမွေးရင်နွားအချင်းကို(နချင်း
ချက်)ချက်စားကြသည်။ထို့ကြောင့်အချင်းကမြေပေါ်ကျလို့မဖြစ်။ဖိုးခွေးကပလတ်စတစ်ဇလုံကြီးကိုင်ပြီးနွားနောက်ကိုလျှောက်လိုက်
နေသည်။နွားကဟိုဘက်ယိမ်းလိုက်၊ဒီဘက်ယိမ်းလိုက်။နွားအချင်းကလည်းပြုတ်ကျခါနီးဆဲဆဲတွဲလောင်းကြီးယမ်းခါနေသည်။ဖိုးခွေးက
နွားအချင်းကိုဇလုံနဲ့လိုက်ခံနေသည်။ဆွဲတော့မချ။သူ့အလိုလိုကျမဲ့အချိန်ကိုစောင့်နေသည်။
နွားမကြီးကသူ့ကလေးကိုလျှာနဲ့လျက်ပေးပြီးအညစ်အကြေးတွေပြောင်စင်အောင်လုပ်ပေးသည်။အမြီးတရမ်းရမ်းနဲ့ခြေထောက်ကိုကဆုန်ပေါက်လိုက်တော့နွားအချင်းပြုတ်ကျသည်။ဖိုးခွေးကဇလုံနဲ့ပြေးခံလိုက်တော့ဇလုံကြီးထဲကိုကွက်တိကျသည်။လူကတော့နွားသေးကွက်ထဲကိုဘိုင်းခနဲ့ပစ်လဲသည်။ဖိုးခွေးတစ်ယောက်ပုဆိုးပြဲပြီးဒူးကွဲသွားသည်။
ကောင်းဘွိုင်လေးကပုဆိုးကွဲဒူးပြဲတာလောက်
ကိုနဲနဲလေးမှမမှု။သူ့ပုဆိုးအောက်မှာဘောလုံး
ဘောင်းဘီခံဝတ်ထားတာကဒူးအထိရှည်သည်။စိတ်မရှည်ရင်ပုဆိုးကိုစလွယ်သိုင်းဦးမည်
။ဖိုးခွေးကဇလုံကြီးကိုတော်ရာမှာချပြီးနွား
ပေါက်လေးကိုပြေးကြည့်သည်။မြေကြီးပေါ်
ခွေခေါက်နေတဲ့နွားပေါက်လေးကနွားထီး
လေး။ဖိုးခွေးတစ်ယောက်အူမြူးနေသည်။
“ဟား…ဟား…ဟား…ဖိုးတွမ်တိလေးကနွားထီးလေးကွ"
မိုးသစ္စာမောင်စကားလုံးအသစ်တစ်ခုကိုကြားလိုက်ရသည်။