ထနောင်းတို့အိမ်ဝိုင်းထဲကမန်ကျည်းပင်ကြီး
အောက်တွင်အခမ်းအနားတစ်ခုအတွက်ပြင်
ဆင်နေကြသည်။သပြေခြံထဲမှာမဟုတ်ဘဲပျဉ်
ထောင်အိမ်ကြီးရှိသည့်အိမ်ဝိုင်းထဲမှာမို့မန်ကျည်းပင်အရိပ်အောက်မှာပြင်ဆင်နေကြသည်။မိုးကာအခင်းတွေမြေကြီးပေါ်ဖြန့်ခင်းပြီးမိုးကာပေါ်တွင်
ကော်ဇောတွေထပ်ခင်းသည်။ကော်ဇောခင်းထားတဲ့အပေါ်မှာမှကန်တော့ပွဲတွေတန်းစီပြီးချ
ကြသည်။ဒီနေ့ကမြတ်လေးနဲ့ခတ္တာတို့ရဲ့စေ့စပ်ပွဲနေ့။
သပြေတန်းရွာရဲ့ထုံးစံအတိုင်းဆွေမျိုးမိဘတွေကိုတစ်အိမ်ထောင်ကန်တော့ပွဲတစ်ပွဲပေးရလေရာကန်တော့ပွဲကပွဲလေးဆယ်ကျော်နေသည်။
ဇမ္ဗူ ကတော့ရွာထုံးစံကိုနောကျေနေပြီ။ဦးသစ္စာဆီကတစ်သောင်းတန်တစ်အုပ်တောင်းပြီးတစ်
သောင်းတန်လေးတွေကိုတစ်ရွက်ချင်းစီကန်တော့လေးတွေပုံစံခေါက်ပြီးကန်တော့ပွဲတွေထဲမှာလိုက်ထိုးနေသည်။ပိုက်ဆံကမထည့်လည်းရပေမဲ့ကန်တော့ပွဲကသူ့ယောက်ျားကိုထနောင်းအမျိုးတွေရမှာမို့သူတမင်လုပ်နေခြင်းဖြစ်သည်။ကန်တော့ပွဲတစ်ပွဲကို
ငှက်ပျောသီးသုံးဖီး၊အုန်းသီးတစ်လုံး၊မုန့်ဆီ
ကြော်ဖြူ နီ၊တစ်သောင်းတန်ကနှစ်ရွက်ထည့်ကာပြင်ဆင်ထားသည်။ကန်တော့ပွဲတွေထဲမှာထည့်သည့်ကန်တော့ညွန့်ကိုအောင်စုတို့သား
အမိကပြင်ဆင်ပေးသည်။တခြားသောအမျိုးတွေကလည်းမနက်လင်းကတည်းကထနောင်းတို့အိမ်ရောက်လာကြကာ
မုန့်ဆီကြော်၊လ္ဘက်ပွဲပြင်ဆင်၊ထမင်းဟင်းချက်နဲ့
ဆွေမျိုးတစ်သိုက်နဲ့တင်အိမ်ဝိုင်းထဲမှာလူတွေ
အပြည့်။စေ့စပ်ကြောင်းလမ်းပွဲကိုမနက်ကိုးနာရီတွင်ပြု
လုပ်သည်။ကန်တော့ခံမည့်ဆွေမျိုးအကြီးအကဲ
တွေအားလုံးခင်းကျင်းထားသည့်ကော်ဇောပေါ်တွင်စုဝေးပြီးထိုင်ကြသည်။မြတ်လေးနဲ့ခတ္တာကပုဆိုးတိုက်ပုံဆင်တူနဲ့အလွန်ပင်ချစ်စရာကောင်း
နေသည်။မြတ်လေးက(၁၁)နှစ်၊ခတ္တာက(၉)နှစ်။နံ့သာရောင်ပိုးပုဆိုး၊တိုက်ပုံအင်္ကျီလေးတွေဆင်
တူဝတ်ထားတဲ့ကလေးနှစ်ယောက်…ဘယ်လိုကြည့်ကြည့်ကလေးကကလေးပဲဖြစ်နေတော့ထနောင်းကြည့်ရင်းနဲ့မျက်ရည်လည်လာမိသည်။သူအဖေနေရာကနေကျွေးမွေးစောင့်ရှောက်လာခဲ့ရတဲ့သူ့ရဲ့တူလေးကိုသူတကယ်
နှမြောမိသည်။
YOU ARE READING
Fanfictionအညာမြေ fic ရဲ့ book-3 လေးပါ... အညာမြေ fic ရဲ့ book-3 လေးပါ။