ထနောင်းနှင့်သပြေတန်းရွာသူကောက်စိုက်မ
တွေကညောင်ပင်အောက်မှာထမင်းချက်ကြသည်။ထမင်းကျက်လျှင်ထမင်းတွေကိုဇလုံကြီးတွေထဲထည့်ပြီးအအေးခံသည်။ထမင်းအိုးကိုဆေး
ကြောပြီးရေနွေးတည်သည်။ဇမ္ဗူ ကတော့လူများရာဝင်ရှုပ်ပြီးနေရာတကာ
ဝင်ပါသည်။သူတစ်ယောက်တည်းဖြစ်မြောက်
အောင်လုပ်နိုင်တာလည်းဘာတစ်ခုမှမရှိ။မိန်းကလေးတွေကကားခေါင်မိုးပေါ်တင်လာသည့်အစားအသောက်ထည့်သည့်တောင်းကြီးကိုချပြီးစားစရာတွေပြင်ဆင်ကြသည်။ရွှေစက်တော်ပွဲခင်းမှာတုန်းကအစားအသောက်တွေကိုကိုယ်ကြိုက်ရာဝယ်စားခဲ့ကြသည်။ပွဲခင်းထဲကထွက်လာတော့ရွာကပါလာတာတွေကိုစားသောက်ရတော့မည်။
သပြေတန်းရွာသူတွေကလ္ဘက်၊အကြော်ဆံ၊ခရမ်းချဉ်သီး၊ဂေါ်ဖီထုပ်တွေနဲ့လ္ဘက်သုပ်သုပ်ကြသည်။ပလတ်စတစ်ဘူးကြီးနဲ့ထည့်လာတဲ့ငံပြာရည်ကြော်ဘူးကြီးကိုဖွင့်သည်။ကြက်ဥပြုတ်တွေအခွံခွာသည်။မုန်လာထုပ်ကြီးကိုဓားနှင့်ခွဲစိတ်ပြီးဇလုံကြီးထဲထည့်သည်။တစ်တောင်လောက်ရှိ
သည့်သခွားသီးကြီးကိုအကွင်းလိုက်လှီးသည်။
ပြီးတော့ရေပေါပေါနဲ့ဆေးကြောကြသည်။ကားခေါင်မိုးပေါ်တွင်ရေ(၂၀)လီတာဆန့်သည့်
ရေသန့်ဘူးကြီးတွေသုံးဘူးပါသည်။တစ်ဘူးကိုချပြီးရေသောက်ကြသည်။ရေနွေးတည်ကြသည်။အားလုံးပြင်ဆင်မှုပြီးလျှင်ထမင်းပူပူကိုဆီဆမ်းပြီးငံပြာရည်ကြော်၊အတို့အမြှုပ်၊ကြက်ဥပြုတ်၊လ္ဘက်သုပ်တွေနဲ့ဝိုင်းဖွဲ့ကာစားသောက်ကြလေသည်။ထုံးစံအတိုင်းစတီးဇလုံကြီးတွေထဲဇွန်းတွေနဲ့ကော်ကာဝိုင်းနှိုက်စားကြသည်။ဇမ္ဗူ ကဒီလိုနေထိုင်စားသောက်မှုမျိုးကိုအသားကျနေပါပြီ။မိုးသစ္စာမောင်ကအခုမှနဖူးတွေ့၊ဒူး
တွေ့ကြုံရပေမဲ့ဖိုးခွေးနဲ့အတူလူကြားထဲတိုးခွေ့
ထိုင်ပြီးစားသောက်ရသဖြင့်ပျော်ရွှင်နေမိသည်။
ဒီခရီးလမ်းတစ်လျှောက်လုံးမှာစိတ်ပျက်စရာရယ်လို့သူတစ်ခါမှမခံစားရသေးပေ။ချစ်ရတဲ့ဖိုးခွေးနဲ့အတူတူသွားလာစားသောက်နေရလို့သူကအပျော်ဆုံးလူဖြစ်နေသည်။
YOU ARE READING
Fanfictionအညာမြေ fic ရဲ့ book-3 လေးပါ... အညာမြေ fic ရဲ့ book-3 လေးပါ။