အခန်း(၁၆)
426 34 4
ဖိုးခွေးရေချိုးပြီးအဝတ်အစားလဲနေသည်။မနေ့
ကကိုမိုးနဲ့လိုက်သွားဖို့ရာကိုနောင်းနောင်းခေါ်လို့လိုက်သွားရသည်။ဟိုရောက်တော့နောင်းနောင်းကမရှိ။ကိုကြီးမြို့သားကသူ့ကိုမြို့ထဲခေါ်သွားသည်။သူ့မွေးစားသားနဲ့သမီးအမွှာမောင်နှမနှစ်ယောက်ကိုကစားကွင်းလိုက်ပို့တာအဖော်
ရအောင်လိုက်ခဲ့ဆိုပြီးတစ်နေကုန်ခေါ်သွားခဲ့သည်။စားချင်တာတွေတနင့်တပိုးစားခဲ့ရသည်။ည
နေမိုးချုပ်မှပြန်ရောက်သည်။ဒီနေ့တော့ကိုမိုးနဲ့
ဘုရားတည်တဲ့ဆီလိုက်သွားရမည်။
သူရေချိုးပြီးလို့အခန်းထဲဝင်သွားတဲ့အချိန်မှာ
မကြီးစန်းကဇမ္ဗူ့ ဆီဖုန်းလှမ်းဆက်သည်။
"မောင်လေးမြို့သားဖိုးခွေးရေချိုးပြီးအဝတ်အစားလဲနေတယ်။ခဏနေထွက်လာတော့မှာ"
"ဟုတ်လား။အဲဒါဆိုကျွန်တော်သူ့ဆီဖုန်းခေါ်လိုက်မယ်။မကြီးစန်းကျွန်တော့်ရည်ရွယ်ချက်ကိုသိတယ်မို့လား"
"အေး...အေး...သိတယ်"
"သိရင်နှုတ်လုံပေးနော်။ဖိုးခွေးကောင်းစားဖို့
လုပ်နေတာ"
"အေးပါမောင်လေးရယ်"
ဖိုးခွေးအိမ်ခန်းထဲကထွက်လာတော့မကြီးစန်းကဖုန်းချလိုက်သည်။ကိုမိုးကအဆင်သင့်ပြင်ဆင်ပြီးနေပြီမို့အိမ်ရှေ့ကနေစောင့်နေသည်။ဖိုးခွေးသူ့အနားရောက်သွားတဲ့အချိန်မှာသူ့ဖုန်းကမြည်လာလို့ဖုန်းခေါ်ဆိုသူကိုကြည့်ပြီးချက်ချင်းကိုင်လိုက်သည်။
"ဟယ်လိုကိုကြီးမြို့သား"
မြို့သားဆိုတဲ့အသံကြားတာနဲ့မိုးသစ္စာမောင်မျက်ခုံးတို့တွန့်ချိုးကုန်သည်။သူဖိုးခွေးကိုခေါ်ပြီးအ
ပြင်ထွက်ဖို့လုပ်တိုင်းဖုန်းဝင်ဝင်လာတာတိုက်ဆိုင်မှုတစ်ခုလို့သူမထင်။တမင်တကာလုပ်ကြံနေသည်ဟုပဲသူထင်နေသည်။ဇမ္ဗူ ဆိုတဲ့ကောင်ကဘယ်တုန်းကမှစိတ်ထားမဖြူ စင်။သူ့စိတ်ကသ
ပြေသီးမှည့်လိုညိုပုပ်နေသည်။ဖိုးခွေးကဖုန်းကို
စပီကာဖွင့်ထားတော့ဇမ္ဗူ့ အသံကိုအတိုင်းသား
ကြားနေရသည်။
"နောင်းနောင်းကမင်းကိုခေါ်နေတယ်"
"ဘာကိစ္စလဲကိုကြီး"