အခန်း(၅၀)💙
305 19 4
သပြေတန်းရွာ၏အနောက်ဖျား…
ရွာအစွန်တွင်ရှိသည့်ထနောင်း၏သပြေခြံထဲတွင်ဆိုင်ကယ်တွေကားတွေအများကြီးရပ်ထားသည်။ပန်းလောင်မြစ်ကမ်းကနေပြန်လာသည့်အမျိုးတွေကကိုယ့်အိမ်ကိုယ်မပြန်ကြဘဲခတ္တာလေးနောက်ကိုလိုက်လာကြတော့သူ့ခြံထဲမှာစု
ဝေးနေသည်။
ဇမ္ဗူ အိမ်ပြန်ရောက်တာနဲ့ခတ္တာလေးကိုပွေ့ချီပြီးအိမ်အပေါ်ထပ်ခေါ်သွားသည်။မြတ်လေးနောက်ကလိုက်သွားပြီးအခန်းရှေ့ရောက်တော့တံ
ခါးဖွင့်ပေးသည်။ဇမ္ဗူ ခတ္တာလေးကိုခုတင်ပေါ်ချသိပ်ပေးလိုက်သည်။အဝတ်အစားတွေကဟိုမှာကတည်းကလဲလာခဲ့ပြီးသားဖြစ်သည်။ရေစိုနေတဲ့ခေါင်းကဆံပင်တွေကိုတော့မြတ်လေးက
သဘက်တစ်ထည်နဲ့သုတ်ပေးနေသည်။
ဇမ္ဗူ ကလေးနှစ်ယောက်ကိုကြည့်ပြီးသက်ပြင်း
ချမိသည်။အရင်ကမြတ်လေးကိုကြည့်မရခဲ့ပေမဲ့အခုတော့သနားမိသည်။ကိုယ့်တူလေးအတွက်
သူ့မှာအမျိုးမျိုးအဖုံဖုံပင်ပန်းရသည်။လူဝင်စားမို့
လူကြီးတစ်ယောက်ရဲ့အသိဉာဏ်ရှိနေပါတယ်
ဆိုစေဦးတော့အသက်အရွယ်အရကလေးကကလေးပါပဲ။ဒီအရွယ်လေးနဲ့သူ့ခမျာ့ခတ္တာလေးအတွက်ဒုက္ခမျိုးစုံခံရရှာသည်။မြတ်လေးကသူ့
ကိုမော့ကြည့်ပြီး-
“ထိုင်လေဦးစိတ်တို"
“မထိုင်တော့ဘူး။ကလေးကိုဂရုစိုက်။သတိရလာရင်ငါ့ကိုအသိပေး”
“ဟုတ်ကဲ့"
ဇမ္ဗူ အိမ်အောက်ထပ်ပြန်ဆင်းလာတော့ဧည့်ခန်းကျယ်ကြီးထဲတွင်လူကြီးတွေစုပြီးထိုင်နေကြသည်။ဇမ္ဗူ ထိုင်စရာခုံမရှိ၍မီးဖိုခန်းထဲကခုံတစ်လုံးဆွဲပြီးလူကြီးတွေနောက်နားတွင်ဝင်ထိုင်လိုက်
သည်။သူ့ရှေ့မှာသူ့ထက်ဝါကြီးတဲ့သူတွေချည်းပဲ။ဘိုးဘိုးဒေါန၊သူ့အဖေဦးထက်ရှားနဲ့ကြီးထွေး၊
မြတ်လေးရဲ့အဖေဦးသစ္စာ၊ပြီးတော့ထနောင်းရဲ့
ဦးကြီးတွေ၊ဒေါ်ကြီးတွေ။ထနောင်းတောင်နောက်ဆုတ်ထိုင်နေရတာသူလည်းရှေ့မတိုးရဲပေ။
မိုးသစ္စာမောင်ကတော့သူ့အဘိုးဦးသစ္စာနောက်တွင်ထိုင်ခုံလေးတစ်လုံးနှင့်ငုတ်တုတ်လေးထိုင်နေသည်။ဦးသစ္စာက-