်မိုးသစ္စာမောင်ဖိုးခွေးဆီမှာလှည်းမောင်းသင်ဖို့
နွားတွေနဲ့ရင်းနှီးအောင်မိတ်ဖွဲ့နေရသည်။ဖိုးခွေးရဲ့နွားခြံမှာနွားတွေကိုအစာသွားကျွေး၊ဖိုးခွေး
နွားကျောင်းရင်နောက်ကလိုက်၊နွားနို့ညှစ်ရင်နွား
ပေါက်လေးတွေလိုက်ဖမ်းနဲ့သူလည်းမြို့ပြနဲ့အလှမ်းဝေးတဲ့အညာမြေလယ်တောထဲမှာပျော်ရွှင်လို့နေပါပြီ။ဟိုကောင်သပြေသီးမှည့်ကဒီရွာကမခွာနိုင်ဖြစ်
နေတာဘာကြောင့်လဲလို့မေးကြည့်စရာမလိုတော့ပေ။သပြေသီးကောင်လည်းလယ်ထဲယာထဲကို ကိုထနောင်းနောက်ကပါပါသွားတာသူတွေ့
နေရသည်။တော်ရာမှာမနေဘဲပျော်ရာမှာနေတော့စိတ်ချမ်းသာရတာပေါ့။အခုဆိုရင်နေပူ၊လေတိုက်၊မိုးရွာနဲ့အသားကျပြီးကိုယ့်အသားအရည်တောင်အရောင်ပြောင်းလာပြီ။ဖိုးခွေးကတော့နဂိုကတည်းကညိုပုလုံး
လေး။အသားကညိုအရပ်ကပု၊နောက်ကကြည့်
ရင်လုံးလုံး၊လုံးလုံးနဲ့…သူ့ခေါင်းလေးကိုပြောပါတယ်။သူ့အသားကမဖြူ လို့သာညိုတယ်ပြောရတာ။မဲတဲ့ထဲတော့မပါရှာပေ။ဖိုးခွေးနွားခြံထဲကနွားအုပ်ကနွားပေါက်လေးတွေပါရေတွက်ရင်အကောင်(၂၀)ကျော်ရှိသည်။သူ့
နွားတစ်အုပ်လုံးကိုဘိုးဘိုးဒေါနရဲ့တလင်းကုန်းကွက်ပေါ်နွားကျောင်းဖို့ခေါ်လာသည်။နွားအုပ်
ကရှေ့ကသွားသည်။ဖိုးခွေးတို့ကနွားလှည်းနဲ့နောက်ကလိုက်သည်။ဖိုးခွေးနဲ့အတူကိုဇော်ခင်ရဲ့
သားဖိုးကျော်ပါပါလာသည်။ဖိုးကျော်ဆိုတာကဖိုးခွေးရဲ့ငါးဖမ်းဖော်၊ငါးဖမ်းဖက်။ယုန်ထောင်
ဖော်၊ဖားရိုက်ဖက်။တလင်းကုန်းရောက်တော့ဖိုးခွေးနဲ့ဖိုးကျော်က
နွားတွေကိုလယ်ကန်သင်းတွေမှာဖြန့်ပြီးနွားကျောင်းသည်။နွားတွေဝေးဝေးမသွားအောင်မြေ
ပြင်မှာငုတ်ရိုက်ပြီးကြိုးနဲ့ချည်သည်။ပြီးသွားတော့တမာပင်အောက်မှာထိုင်နားကြသည်။တမာပင်
ဘေးမှာထန်းရွက်တဲကြီးရှိပေမဲ့တမာပင်ရိပ်ကလည်းအေးနေတာမို့ထိုင်နားကြခြင်းဖြစ်သည်။ဖိုးခွေးကတမာပင်ပေါ်မော့ကြည့်ပြီး-“ဟေ့ကောင်ဖိုးကျော်ဟိုမှာကြည့်စမ်း။ပျားအုံကွ"
“ဟာဟုတ်တယ်"
YOU ARE READING
Fanfictionအညာမြေ fic ရဲ့ book-3 လေးပါ... အညာမြေ fic ရဲ့ book-3 လေးပါ။