အခန်း(၄၇)😴
261 18 0
ရွာသူကြီးဦးဆောင်တဲ့ကင်းလှည့်အဖွဲ့ပြန်သွား
တော့ဖိုးခွေးတို့တစ်ဖွဲ့လုံးအိပ်ယာဝင်ဖို့ပြင်ရတော့သည်။မအိပ်လို့လည်းမရ။ဖဲထပ်ရိုက်ရင်ကိုမိုးကနောင်းနောင်းဆီဖုန်းဆက်တိုင်တော့မှာ။ဖိုးခွေးအဖို့သူကြီးကိုမကြောက်ပေမဲ့နောင်းနောင်းကိုတော့ကြောက်ရသည်။
ကင်းတဲပေါ်မှာလူငါးယောက်တန်းစီပြီးအိပ်ရတော့ခြင်ထောင်မဆန့်တာနဲ့ခြင်ထောင်လည်းမထောင်ဖြစ်ပေ။တင်ကိုကူးလာတဲ့ကိုရီးယားကားကိုပဲငါးယောက်သားဝိုင်းကြည့်ကြသည်။
တင်ကိုကအလယ်မှာအိပ်ပြီးဖုန်းကိုထောင်ကာကိုင်ထားသည်။ဘေးနှစ်ဖက်မှာအိပ်တဲ့လူတွေကဝိုင်းကြည့်ကြသည်။လက်တစ်ဝါးလောက်ဖုန်းလေးကိုလူငါးယောက်ဝိုင်းကြည့်နေရပေမဲ့ရွာကလူတွေရဲ့ရင်းနှီးချစ်ခင်မှုကိုပေါ်လွင်စေသည်။
မိုးသစ္စာမောင်ကဇာတ်ကားကြည့်တာမမြင်ရလို့ပါဆိုတဲ့အကြောင်းပြချက်နဲ့ဖိုးခွေးကိုအတင်းဖက်တွယ်ကာပူးကပ်အိပ်နေသည်။ဉာဥ့်နက်
လာပြီဆိုတော့ခြင်တွေလည်းအတောင်ညောင်းသွားပြီထင်ပါရဲ့။တဝီဝီအော်သံတွေကိုမကြားရ
တော့ပေ။မိုးသစ္စာမောင်ဇာတ်ကားကိုစိတ်မဝင်
စားပေမဲ့ချစ်ရတဲ့သူနဲ့အတူအိပ်ပြီးဇာတ်ကားကြည့်ရတဲ့အရသာကိုတော့တစ်သက်မေ့တော့မည်မဟုတ်ပေ။
မဆီမဆိုင်ရွှေစက်တော်မှာတဲအိမ်ပေါ်အိပ်ခဲ့
ရတာကိုတောင်သတိရမိသွားသည်။အနားမှာ
ဇမ္ဗူ မရှိတော့အိပ်ရတာစိတ်ချမ်းသာသည်။
မနက်လေးနာရီလောက်တွင်တစ်ဖွဲ့လုံးအိပ်ပျော်ကုန်ကြသည်။မနက်ခင်းစောစောလယ်တောသွားမဲ့လူတွေကကင်းတဲပေါ်ကကင်းစောင့်အဖွဲ့ကိုတက်နှိုးရသည်။
“ဟေ့ကောင်ဖိုးခွေး…တင်ကို…အေးလွင်"
“ကာလနဂါးတွေထဟ…မိုးလင်းနေပြီ"
ဖိုးခွေးကမျက်လုံးကိုမပွင့်တပွင့်နဲ့ဖွင့်ကြည့်
သည်။
“လေးပွားလား။ညကကျွန်တော်တို့မအိပ်ဘဲစောင့်ထားတာဗျာ။မနက်တော့အိပ်ပါရစေ”
“ဟကောင်တွေရ…မင်းတို့ဘာသာအိပ်ချင်အိပ်၊မအိပ်ချင်နေ။ရွာတံခါးသော့တော့ပေးဟ။ငါတောထွက်မလို့”