အခန်း(၉)
499 37 3
ထနောင်းတို့အိမ်ရှိရာသပြေခြံကြီးထဲသို့ကားတစ်စီးဝင်လာသည်။ကားကအိမ်ရှေ့မှာရပ်
သွားပြီးကားရှေ့ခန်းကလူတစ်ယောက်ဆင်းလာကာကားနောက်ခန်းကိုတံခါးဖွင့်ပေးသည်
။ကားထဲကထွက်လာတာကမြတ်သစ္စာမောင်
(ခ)မြတ်လေး။
မြတ်လေးကနှင်းဆီပန်းစည်းကြီးတစ်စီးနဲ့ချောကလက်ဘူးကိုကိုင်ကာအိမ်ထဲဝင်လာသည်။ဧည့်ခန်းထဲမှာဆိုက်ဆိုက်မြိုက်မြိုက်ကြီး
တွေ့နေရတာကဇမ္ဗူ ။မြတ်လေးကိုမြင်တော့
ဇမ္ဗူ့ မျက်နှာကတည်တင်းသွားသည်။
မြတ်လေးကနက်ပြာရောင်စတိုင်ပန်ဘောင်းဘီနဲ့နက်ပြာရောင်ကုတ်အင်္ကျီကိုဝတ်ဆင်ထားသည်။လည်ပင်းမှာနက်ကတိုင်ကတပ်ထားသေးသည်။အနက်ရောင်ရှူးဖိနပ်ကိုစီးထားသည်။ဆယ်နှစ်သားကလေးက suit အပြည့်ဝတ်ထားတော့မျက်စိစူးချင်စရာ။
လက်ထဲမှာနှင်းဆီပန်းစည်းကြီးနဲ့ချောကလက်ဘူးကိုကိုင်ထားတာကနှစ်ပေါင်းများစွာရည်ရွယ်လာခဲ့တဲ့ချစ်သူကိုချစ်ခွင့်ပန်တော့မဲ့ပုံ
စံနဲ့။ဇမ္ဗူ့ မျက်စိထဲမှာမြတ်လေးကဘယ်လိုပဲ
ကြည့်ကြည့်ချဉ်စရာပုံပဲပေါက်နေသည်။
ဇမ္ဗူ့ မျက်စိရှေ့ကအနှီကောင်လေးမှာခွေးပစ်တဲ့တုတ်လောက်ပဲရှိသည်။သို့သော်နောက်ကပါလာတဲ့ဘော်ဒီဂတ်နှစ်ယောက်ကတော့သူ့အ
နားကစိုင်းကျော်နဲ့ဖားလေးထက်ပင်သန်မာထွားကျိုင်းလွန်းနေသည်။ခွေးကိုရိုက်ချင်ပေ
မဲ့သခင်ကိုကြောက်ရ…အဲမဟုတ်ဘူး။သခင်
ကိုရိုက်ချင်ပေမဲ့ခွေးကိုကြောက်ရသည်။ဒီတော့မလိုလားတဲ့လေသံနဲ့ပဲမေးရတော့သည်။
“မင်းဒီကိုဘာလာလုပ်တာလဲ"
“ခတ္တာဆီလာတာပါ”
“ဘာကွ”
“ဦးစိတ်တိုဆီလာတာမဟုတ်ပါဘူး"
“ဘယ်သူ့ဆီလာလာ…မင်းအခုလာတာငါ့
အိမ်ကွ။ခတ္တာကငါ့တူ။မင်းနဲ့တွေ့ခွင့်မပေး
နိုင်ဘူး။ပြန်တော့”
“နောင်းနောင်းဆီမှာခွင့်တောင်းပြီးမှလာခဲ့တာပါ"
“ဘာ…ငါ့ယောက်ျားကိုနောင်းနောင်းလို့ခေါ်တယ်။မင်းထက်အသက်အများကြီး ကြီးတယ်ကွ”