အခန်း(၁၃)
475 36 2
“မင်းကအောင်စုလား”
“ဗျာ"
အောင်စုနောက်လှည့်ကြည့်တော့မိုးသစ္စာမောင်ကိုတွေ့သည်။မိုးသစ္စာမောင်ကသူ့ကိုနှစ်လို
ဖွယ်ရာပြုံးပြနေသည်။
“နောင်းနောင်းရဲ့ညီဟုတ်တယ်နော်"
“ဟုတ်ကဲ့ခင်ဗျ"
“ဖိုးခွေးကအခုဘယ်မှာလဲ"
“တောထဲမှာလေ"
“တောထဲမှာဘာလုပ်နေတာလဲ"
“တောထဲမှာနွားတဲရှိတယ်။ဖိုးခွေးကနွားတွေနဲ့
သွားနေနေကျ ။အခုလည်းအဲဒီမှာနွားအုပ်နဲ့သူနဲ့ရောက်နေပြီ။ကျွန်တော်ကသူ့အဝတ်အစားတွေကိုလာယူပေးတာ”
“သူကိုယ်တိုင်ဘာလို့လာမယူတာလဲ"
“အိမ်မပြန်ချင်ဘူးလို့ပြောတာပဲ။ဘာလို့လဲမသိဘူး"
“ငါ့ကြောင့်လေ"
“ဗျာ…”
“ငါသူ့ကိုသဘောကျနေမှန်းသိလို့သူငါ့ကိုရှောင်နေတာ"
“ဗျာ”
“မင်းငါ့ကိုမကူညီနိုင်ဘူးလား"
အောင်စုမိုးသစ္စာမောင်ကိုစိုက်ကြည့်မိသည်။ဥပဓိရုပ်ကကိုကြီးမြို့သားလိုပဲ။ချောမောခန့်ညားထည်ဝါနေသည်။ဘိုးဘိုးကလည်းအိမ်ပေါ်ခေါ်တင်ထားသည်။ဘာအလုပ်မှမလုပ်ဘဲအားယားနေတာတောင်မှနောက်လိုက်နောက်ပါတပည့်တွေနဲ့။တော်တော်တော့ချမ်းသာမဲ့ပုံပဲ။ဖိုးခွေးကသူနဲ့
ညီအကိုတွေဆိုတော့ဒီလိုသူဌေးမျိုးကိုယောက်
ဖတော်ရရင်လည်းမဆိုးပါဘူး။ကြုံတုန်းလေးဖိုး
ခွေးကိုအကြွေးဆပ်ရာလည်းရောက်တာပေါ့။
“ဟင်း…ဟင်း…ဟင်း…”
အောင်စုကမပြောမဆိုနဲ့ရယ်နေတော့မိုးသစ္စာမောင်က-
“ဘာလို့ရယ်တာလဲ"
“ဖိုးခွေးကိုတကယ်သဘောကျတာလား"
“တကယ်သဘောကျတာပေါ့"
“ခင်ဗျားမှာအိမ်ထောင်မရှိတာသေချာပါတယ်နော်”
“သေချာပါတယ်"
“ရည်းစားလည်းမရှိဘူးမို့လား"
“မရှိဘူး”
“အိုခေ…အဲဒါဆိုကူညီမယ်။ကျွန်တော်နဲ့လိုက်ခဲ့"