ရွှေစက်တော်မှအပြန်လမ်းတွင်ဖိုးခွေးတစ်ယောက်နေမကောင်းဖြစ်လာခဲ့သည်။မနက်ခင်းဝေလီ
ဝေလင်းမှာမန်းချောင်းထဲရေစိမ်ချိုးခဲ့သဖြင့်အအေးပက်ပြီးအစာမကြေဖြစ်သွားသည်။ကားစမောင်းတာနဲ့ခေါင်းထဲမှာချာချာလည်အောင်မူးပြီးအန်ချင်လာသဖြင့်ကားကိုရပ်ခိုင်းပြီးကားလမ်းဘေးဆင်းအန်ရသည်။စားထားသမျှအကုန်အန်လိုက်မှလူကနေသာထိုင်သာရှိသွားသည်။ဒါပေမဲ့ခေါင်းမူးတာကြီးကမပျောက်။
ကားပေါ်ပြန်တက်လာတော့ဖိုးခွေးခေါင်းမထူ
နိုင်။ Light truck ကားကလူအပြည့်နဲ့မို့လှဲအိပ်လို့လည်းမရ။ဇမ္ဗူ ကသူ့ယောက်ဖကိုသူ့ပေါင်ပေါ်ပွေ့တင်ပြီးခေါင်းကိုမှီထားခိုင်းသည်။ဖိုးခွေးကကလေးမဟုတ်တော့အချိန်ကြာလာတာနဲ့အမျှ သူ့ခြေထောက်တွေထုံကျင်လာသည်။ဒါကိုသိတဲ့မိုးသစ္စာမောင်က-"မင်းတစ်ယောက်တည်းဒုက္ခခံမနေနဲ့။ဖိုးခွေးကိုငါ့ဆီပေးလိုက်တော့"
ဇမ္ဗူ ခြေထောာက်ကျင်ပြီးထုံနေပြီမို့ဖိုးခွေးကိုငမိုးဆီပေးလိုက်ရသည်။သူ့ခမျာ့ယောက်ဖကိုအူတို
ပြီးတစ်လမ်းလုံးသူ့ပေါ်မှာပွေ့လာခဲ့သည်။အခု
တော့ခြေထောက်တွေကမခံနိုင်တော့ပေ။ဖိုးခွေးကိုအောက်ချလိုက်ရင်ရပေမဲ့အခွင့်အရေးကိုချောင်းနေတဲ့မြေခွေးကောင်ငမိုးကသူ့လက်ထဲကလွတ်တာနဲ့ဖိုးခွေးကိုကောက်စားတော့မှာကိုသိ
နေသည်။ဒါကြောင့်မို့ဖိုးခွေးကိုမချဘဲသူတမင်ပွေ့ထားခဲ့တာဖြစ်သည်။အခုတော့ခြေထောက်ကမခံနိုင်လို့ပေးလိုက်ရပြီ။မိုးသစ္စာမောင်ကဖိုးခွေးကိုသူ့ရင်ခွင်ထဲထည့်ပွေ့
ထားပြီးခေါင်းလေးကိုသူ့ရင်ဘတ်တွင်မှီထားသည်။ခေါင်းကဆံပင်လေးတွေကမျက်နှာနဲ့နီးနေတာမို့ခိုးနမ်းလိုက်တော့ခေါင်းလျှော်ရည်နံ့သင်းသင်းလေးကိုရသည်။အေးစက်နေတဲ့လက်ကလေးတွေကိုဆုပ်ကိုင်ဖျစ်ညှစ်ပြီးနွေးအောင်လုပ်ပေးရင်းပါးလေးကိုင်၊နဖူးလေးကိုင်၊ခေါင်းငုံ့ပြီးခိုး
နမ်း။ဖိုးခွေးကမန်းချောင်းထဲမှာနေ့ရော၊ညရော၊မနက်
ရောရေစိမ်ချိုးလာတာမို့ဆပ်ပြာနံ့ကမပျောက်။သူ့တစ်ကိုယ်လုံးဘယ်နားနမ်းနမ်းမွှေးနေသည်။လူအများကြီးကြားထဲမှာဒီလိုမျိုးတရားဝင်အသား
ယူခွင့်ရနေတာဖိုးခွေးနေမကောင်းဖြစ်နေလို့ပဲ။
YOU ARE READING
Fanfictionအညာမြေ fic ရဲ့ book-3 လေးပါ... အညာမြေ fic ရဲ့ book-3 လေးပါ။