အခန်း(၄၈)🛶
271 21 0
မိုးသစ္စာမောင်ဖိုးခွေးရဲ့နွားခြံထဲမှာနွားတွေနဲ့
ရင်းနှီးဖို့ကြိုးစားတာအောင်မြင်သည်ဟုပြောလို့ရသည်။ဖိုးခွေးလှည်းမောင်းလေ့ရှိတဲ့နွားတစ်ရှဉ်းကသူနဲ့တော်တော်လေးရင်းနှီးလာသည်။အစပိုင်းတုန်းကသူ့ကိုအကိုင်မခံ။သူကြိုးဆွဲတာနဲ့ခေါင်းကိုခါရမ်းပစ်သည်။သူလည်းနွားဝှေ့ခံရမှာစိုးလို့ထွက်ပြေးရသည်။
ဒါပေမဲ့သူဇွဲမလျှော့ဘဲနွားတွေကိုမြက်လေးကျွေးလိုက်၊ရေလေးတိုက်လိုက်၊ခေါင်းလေးလည်ပင်း
လေးပွတ်သပ်ပေးလိုက်နဲ့နီးကပ်ဖို့ကြိုးစားလာတာအခုတော့အခြေအနေကတိုးတက်လာသည်။
နွားတွေကသူ့ကိုမြင်ပါများလို့ရင်းနှီးလာကြသည်။အရင်လိုခေါင်းခါရမ်းတာတွေမလုပ်တော့ဘဲ
ငြိမ်ငြိမ်သက်သက်အကိုင်ခံလာကြသည်။ဒီနေ့တော့မိုးသစ္စာမောင်သူကိုယ်တိုင်လှည်းကောက်မယ်ဆိုပြီးနွားတွေကိုဆွဲလာသည်။လှည်းနားရောက်တော့နွားတစ်ကောင်ကိုအရင်လှည်းတံပိုးမှာတပ်ဖို့ပြင်သည်။ဖိုးခွေးက-
"ကိုမိုး...ဘက်မှားနေပြီ။အဲဒီနွားကညာ
ဘက်က"
"ဟမ်..."
ဘက်မှားနေပြီတဲ့။နွားကဖိနပ်မှမဟုတ်တာ။
ဘယ်နဲ့ညာရှိသလား။
"ဘာလို့တုန်းဖိုးခွေး"
"နွားတွေကအမှတ်အစွဲကြီးတယ်။ကိုယ်နေနေ
ကျဘက်ကိုမှတ်ထားတာ။နွားစကျင်းမှာပဲဖြစ်ဖြစ်၊လှည်းတံပိုးမှာပဲဖြစ်ဖြစ်သူတို့နေနေကျဘက်
မှာပဲထားရတာ။ဘယ်နဲ့ညာမှားချည်ခဲ့ရင်နွား
စကျင်းလည်းမစားဘူး။ချိုနဲ့ထိုးကော်ပြီးမှောက်
ပစ်တာ။စိတ်ကြီးတယ်"
"အဲလိုကြီးလား"
ဖိုးခွေးကနွားနှစ်ကောင်ကိုဘက်ပြောင်းပြီးလှည်းတံပိုးမှာတပ်လိုက်သည်။လှည်းကောက်ပြီးသွားတော့နှစ်ယောက်သားနွားအုပ်ကြီးမောင်း
ပြီးတောထဲထွက်ခဲ့ကြသည်။နွားတွေကသူတို့
သွားနေကျစားကျက်ကိုသိနေတာမို့လှည်းရှေ့
ကနေသူတို့ဘာသာသွားကြသည်။
"နွားတွေကလမ်းသိတယ်နော်"
"သိတာပေါ့။နွားကျောင်းသားတွေနွားကျောင်းထွက်ရင်ကြည့်ကြည့်လိုက်လေ။နွားအုပ်ကရှေ့ကသွားတာ။နွားကျောင်းသားကနောက်ကလိုက်
တာ။နွားတွေကသူတို့လမ်းသူတို့သိတယ်။ကြိုးနဲ့ဆွဲပြီးခေါ်စရာမလိုဘူး။