အခန်း(၈)
525 35 2
ဇမ္ဗူ သူ့မျက်စိရှေ့ရောက်နေတဲ့ဆယ်နှစ်သားကလေးကိုမျက်မှောင်ကြီးကြုံ့ကာစိုက်ကြည့်
နေမိသည်။ဒါ…ဟိုမြေခွေးကောင်ငမိုးရဲ့ဦးလေးမျောက်ညိုပဲ။ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ။မြတ်လေးကသူ့အတွေးကိုသိနေသည့်နှယ်…
“အာ…အရမ်းအံ့သြသွားလား။ဒီရွာကကျွန်တော့်ရဲ့အတိတ်ဘဝတုန်းကနေခဲ့ဖူးတဲ့ရွာလေ”
“ဘာ…မင်းကိုဘယ်သူပြောလဲ”
“တောရဆရာတော်ကြီးကပြောတာ”
ဇမ္ဗူ နှုတ်ဆိတ်သွားရသည်။ခေါင်တိုင်တောရဆရာတော်ကြီးကမဟုတ်တာကိုပြောမဲ့သူမ
ဟုတ်။သူပြောရင်တော့သေချာပေါက်ဟုတ်နေလို့ပဲဖြစ်မည်။
“အဲတော့မင်းကဒီရွာကိုဘာလာလုပ်တာလဲ"
“ကောင်းတာလေးတွေလုပ်မလို့လာတာပေါ့”
“မျောက်ပါးစပ်ကလူစကားထွက်နေတယ်"
“အဲ့မျောက်ကိုဘိုးဘိုးဒေါနကချစ်လွန်းလို့မွေးစားမလို့တဲ့”
“အံ့သြပါ့…မင်းလိုကလေးမျိုးကို”
“ကျွန်တော့်လိုကလေးမျိုးကဘာဖြစ်နေလို့လဲ"
မြတ်လေးကဇမ္ဗူ့ ကိုပြန်လှန်မေးခွန်းထုတ်ရင်းဇမ္ဗူ့ လက်ကိုဆုပ်ကိုင်ထားတဲ့ခတ္တာလေးဆီအ
ကြည့်ရောက်သွားသည်။အသက်ရှစ်နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ခတ္တာလေးကကြီးလေချော
လေဖြစ်နေသည်။မြတ်လေးကသူ့ကိုမျက်လုံးဝိုင်းကြီးတွေနဲ့ကြည့်နေတဲ့ခတ္တာလေးကိုမြင်တော့ရင်းနှီးကျွမ်းဝင်လိုစိတ်တွေအလိုလိုပေါ်လာသည်။
“သူကဘယ်သူလဲ”
“မင်းသိစရာမလိုဘူး”
ဇမ္ဗူ ခတ္တာလေးကိုသူ့နောက်ကျောဘက်ပို့ပြီးကွယ်ပစ်လိုက်သည်။ဒီကောင်မျောက်ညိုအသက်ကသာဆယ်နှစ်။စိတ်ကသူ့ဝါစဉ်အတိုင်းပဲအရွယ်ရောက်နေပြီ။အခုမှကလေးပဲရှိသေးတဲ့ကိုယ့်တူလေးကိုဒီကောင့်လက်ထဲအရောက်ခံလို့မဖြစ်။တွေးရင်းနဲ့ဇမ္ဗူ စိတ်ပူလာမိသည်။
“ဦးစိတ်တိုဘာတွေးနေလဲဆိုတာသိတယ်
နော်”
“သိရင်ပြီးတာပဲ။ဒီကလေးနားမကပ်နဲ့။ဝေးဝေးနေ”