အခန်း(၅၇)
291 25 3
နောက်တစ်နေ့-
မိုးသစ္စာမောင်သူ့အမဟေမာန်သစ္စာဦးစီးနေတဲ့ဟိုတယ်ရဲ့နှစ်ပတ်လည်အခမ်းအနားပွဲကိုသွားသည်။သူ့ကိုမြင်မြင်ချင်းဟေမာန်သစ္စာမျက်လုံး
ပြူးသွားရသည်။
“မောင်လေးမင်းဘယ်လိုဖြစ်လာတာလဲ"
မိုးသစ္စာမောင်ကဘာမှမဖြစ်သလိုမျိုးသူ့အမကို
ပြုံးပြသည်။တကယ်တော့သူ့မျက်နှာကကြည့်
ရက်စရာမရှိ။ဖိုးခွေးရဲ့လက်သံပြောင်မှုတွေလေ။ပန်းစည်းနဲ့အရိုက်ခံရတဲ့ပါးမှာအစင်းကြောင်းကြီးထင်နေသည်။နာရီနဲ့ပစ်ပေါက်ခံရတဲ့နဖူးကဖူးယောင်ကာဘုထနေသည်။လက်သီးနဲ့ထိုးခံထားရတဲ့ညာဘက်မျက်လုံးကတော့ပန်ဒါမျက်
ကွင်းလိုညိုမဲနေသည်။ဟေမာန်သူ့မောင်ကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး-
“မင်းရန်ဖြစ်လာတာလား"
“ရန်ဖြစ်တယ်ပဲထားပါတော့"
မိုးသစ္စာမောင်ရဲ့နဂိုရုပ်ခံလေးကကြည့်ကောင်း
တော့ဒဏ်ရာတွေနဲ့တောင်စတိုင်ကျကာဆွဲဆောင်မှုရှိနေတုန်းပင်။ဟေမာန်က-
“ဒီလောက်ချောတဲ့မျက်နှာလေးကိုဘယ်လိုလူကများရုပ်ဆိုးအောင်လုပ်ရက်ရတာလဲ"
“ဘယ်လိုလူမျိုးကလုပ်ရက်တယ်လို့ထင်လဲ"
ဟေမာန်သစ္စာသူ့မောင်ကိုစူးစမ်းသလိုကြည့်သည်။ဒဏ်ရာဗရပွရထားတာတောင်စိတ်ဆိုးဒေါသထွက်ပုံမရတဲ့သူ့မောင်အမူအရာကိုကြည့်ပြီး
နောက်-
“ငါသဘောပေါက်ပြီ။မင်းဟာလေးကလုပ်တာမို့လား”
“အလိုလိုက်လို့အကန်းတက်နေတဲ့ကလေး”
“ဟားဟားဟား…မင်းသူ့ကိုခိုးလာတာသူ့
ဘက်ကအလိုမတူဘူးမို့လား”
“အလိုတူမှတော့ကိုက်ရာတွေထင်နေမှာပေါ့။အခုဟာကကိုက်ထားတာမဟုတ်ဘူးအမရေ။ထုထားတာ"
“ဟားဟားဟား…"
“ဟေမာန်သစ္စာအားရပါးရရယ်ပြီးမှသူ့မောင်မျက်နှာကိုစေ့စေ့ကြည့်သည်။
“အရင်တုန်းကမင်းကိုလိုချင်လို့ငန်းငန်းတက်နေတဲ့မိန်းကလေးတွေကိုမင်းနည်းမျိုးစုံနဲ့ခါချခဲ့တယ်
မဟုတ်လား။အခုမင်းကိုယ်တိုင်ခါချခံရတော့မင်းဘယ်လိုခံစားရလဲပြောပြပါဦး”