“မီးလောင်တာရှို့မီးကွ"
“ရွာသားတွေကိုအာရုံပြောင်းအောင်လုပ်ပြီးနွားခိုးသွားတာ"
“မိုက်ရိုင်းလိုက်တဲ့ကောင်တွေကွာ"
“မီးရှို့တဲ့အကျင့်ရှိတာဟိုကောင်ငဦးပဲကွ"
တစ်ယောက်တစ်ပေါက်ပြောဆိုနေသည့်ရွာသားတွေကနောက်ဆုံးငဦးကိုဝိုင်းပြီးစွပ်စွဲလိုက်
ကြသည်။ရွာပြင်ဘက်ကငဦးတဲဆီသို့ရွာသားတွေချီတက်သွားကြသည်။သို့သော်ငဦးတဲဆီသို့
မရောက်လိုက်။ရွာပြင်ဘက်ရှိထိန်ပင်ကျောင်းနှင့်မျက်နှာချင်းဆိုင်ဇရပ်ပေါ်တွင်ငဦးကအရက်မူး
ဲပြီးအိပ်ပျော်နေသည်။သူ့အရှက်သူတောင်မဖုံးနိုင်။“ငဦး…ဟေ့ကောင်ငဦး။ဟေ့ကောင်ထစမ်း"
ငဦးကတခူးခူးတခေါခေါဖြင့်အိပ်နေသည်။ကိုယ့်တဲကိုယ်တောင်ပြန်မအိပ်နိုင်တဲ့ငဦးကိုနွားခိုးပါတယ်လို့စွပ်စွဲရမှာအားနာဖို့တောင်ကောင်းသည်။ငဦးဘယ်လောက်ပဲဆိုးဆိုးတစ်ရွာတည်းသားဆိုတော့လည်းပစ်မထားနိုင်။အမြင်မတော်
ဲဖြစ်နေတဲ့ငဦးကိုရွာသားတွေကပုဆိုးပြင်ဝတ်ပေးလိုက်ရသည်။ထို့နောက်ငဦးကိုပစ်ထားခဲ့ပြီးရွာပြင်ပတ်လည်တွင်လူခွဲပြီးလိုက်ရှာကြသည်။
တွေ့လိုတွေ့ငြားရှာကြည့်ကြခြင်းသာဖြစ်သည်။နွားသူခိုးကားအရိပ်အယောင်မှမတွေ့ရချေ။ထိုနေ့မှစ၍သပြေတန်းရွာထဲသို့လူစိမ်းအဝင်မခံတော့ပေ။ရပ်ဝေးကဧည့်သည်လာလျှင်သူကြီးအိမ်တွင်ဧည့်စာရင်းတိုင်ကြားရသည်။ညဘက်
ဆိုလျှင်လည်းထင်ထင်ပေါ်ပေါ်ကင်းလှည့်တာမျိုးမလုပ်တော့ပေ။နွားသူခိုးဖမ်းဖို့ရွာပြင်တွင်ကင်းပုန်းချပြီးစောင့်ကြတော့သည်။ရွာပြင်လေး
မျက်နှာတွင်လူခွဲပြီးစောင့်ကြသည်။စပါးတွေရိတ်သိမ်းပြီးချိန်မို့လယ်ကြားမြောင်းတွေကရေမရှိ။လယ်ကန်သင်းမြောင်းတွေကြားထဲတွင်ကင်းပုန်းဝပ်ပြီးနွားသူခိုးစောင့်ကြည့်ကြသည်။ရွာသားတွေနွားသူခိုးကြောင့်နိုးနိုးကြားကြားဖြစ်
နေကြစဉ်စိတ်အညစ်ရဆုံးလူမှာငဦးဖြစ်သည်။ရွာပတ်လည်ကင်းစောင့်နေကြသဖြင့်သူ့အတွက်ခိုးခွင့်မသာသဖြင့်စိတ်ညစ်နေရသည်။ရွာထဲခိုးဝင်လို့မရသလိုရွာပြင်ကလည်းစပါးတွေရိတ်
ဲပြီးကုန်ပြီမို့တလင်းတွေမှာစပါးခိုးစရာမရှိ။ကောက်ရိုးပုံတွေပဲရှိသည်။ဒီတော့ငဦးတို့စားပေါက်ပိတ်လေသည်။
VOUS LISEZ
Fanfictionအညာမြေ fic ရဲ့ book-3 လေးပါ... အညာမြေ fic ရဲ့ book-3 လေးပါ။