အခန်း(၁၄)
446 35 2
ဖိုးခွေးကမိုးသစ္စာမောင်ကိုပြုံးစိစိနဲ့စိုက်ကြည့်နေ
ပြီး-
“ခင်ဗျားဒီကိုရောက်လာတော့တဲဘေးမှာလောက်စာလုံးတွေနေလှမ်းထားတာတွေ့လား"
“အင်း…တွေ့တယ်"
“အဲဒါကျွန်တော်ငှက်ပစ်မလို့ဗျ။ဒီတောကငှက်
ပေါတယ်။ချိုးတို့၊စာကလေးတို့၊ရစ်ငှက်တို့ပေါမှ
ပေါ"
“မင်းကိုယ်တိုင်ပစ်တာလား"
“ကျွန်တော်မပစ်လို့ဘယ်သူပစ်မှာလဲ”
“ဘိုးဘိုးဒေါနကဘာမှမပြောဘူးလား”
“ပြောတယ်။ကျွန်တော်ကငှက်ပစ်ရုံတင်မကဘူး။ယုန်ပါကိုင်းထောင်သေးတယ်။ဒါပေမဲ့ဘိုးဘိုးဒေါနကမကြိုက်ဘူး။အကောင်ပလောင်တွေအိမ်ယူလာရင်ဆူတယ်။ဒါကြောင့်ကျွန်တော်ကစိတ်တူကိုယ်တူရှိတဲ့ဖိုးကျော်ကိုခေါ်ပြီးတောထဲလာနေတာ။အဘိုးဆူတာမခံရတဲ့အပြင်ကိုယ်
လုပ်ချင်တာလည်းလုပ်လို့ရတယ်လေ”
မိုးသစ္စာမောင်သက်ပြင်းချမိသည်။ဒီတောသား
လေးကတော့လေ။ကောင်းဘွိုင်ဗီဇတွေပြနေပြီ။
မြန်မာပြည်ကကောင်းဘွိုင်သေနတ်မပစ်ပေမဲ့လေးခွတော့ပစ်တယ်ဟ။မိုးသစ္စာမောင်ခေါင်းခါ
ရမ်းရင်း-
“ဘာပဲပြောပြောလေ…ကိုယ်ကကောင်းဘွိုင်လေးကိုသူများအသက်မသတ်စေချင်ဘူး”
“ငါးဖမ်းတာ၊ငှက်ပစ်တာကိုပြောတာလား”
“ယုန်ပါမထောင်စေချင်တာ”
ဖိုးခွေးကလက်ချောင်းလေးတွေချိုးပြီး-
“ငါး၊ငှက်၊ယုန်…အဲ့သုံးမျိုးလုံးရှောင်ရမှာပေါ့”
“ဟုတ်တယ်။ရှောင်ရမယ်”
“အဲဒါဆိုကြွက်ထိုးမယ်။ဖားရိုက်မယ်။ပုစွန်လုံး
ကောက်မယ်”
“ဖိုးခွေး…"
မိုးသစ္စာမောင်အော်မိသွားသည်။လူကပါထိုင်ရာကနေမတ်တပ်ထရပ်မိသွားသည်။
“အရေအတွက်ကိုမပြောနဲ့ဖိုးခွေး။တောထဲမှာငါမသိတဲ့တိရစ္ဆာန်တွေအများကြီးရှိတယ်။အသက်
ရှိတဲ့တိရစ္ဆာန်ဘယ်အကောင်ကိုမှမင်းမသတ်ပါနဲ့။မင်းကိုပါဏာတိပါတကံမကျူးလွန်စေချင်ဘူး။မင်းအသားဟင်းသိပ်စားချင်နေရင်ငါဝယ်ကျွေး
မယ်။မင်းစားချင်တာပြော”