အခန်း(၄၃)
275 26 0
မနေ့ကတစ်နေကုန်မိုးရွာခဲ့ပြီးဒီနေ့တော့ကောင်းကင်တစ်ခုလုံးတိမ်ကင်းစင်ကာနေသာနေသည်။ဖိုးခွေးကဆနွင်းခေါင်းတွေအိမ်ရှေ့မှာဖြန့်ပြီး
နေထုတ်လှမ်းသည်။
(ဆနွင်းခေါင်းဆိုတာဆနွင်းတက်တွေချိုးပြီးကျန်နေတဲ့ခေါင်းပိုင်းကိုပြောတာပါ။ခေါင်းပိုင်းကိုခြင်မီးဖိုကြပါတယ်။အတက်ကိုတော့နနွင်းမှုံ့ကြိတ်
ကြပါတယ်)
မိုးရာသီရောက်ပြီဆိုတော့ခြင်ကိုက်ပြီလေ။ဆနွင်းမှိုင်းတိုက်ပြီးခြင်နှိမ်နင်းရတော့မည်။နနွင်းခေါင်းတို့၊နနွင်းတက်တို့ဆိုတာရွာရဲ့သဘာဝခြင်ဆေးခွေပါပဲ။နေဝင်မိုးချုပ်ဆိုရင်ရွာထဲမှာနနွင်းခေါင်းမီးရှို့ထားတဲ့အနံ့မွှေးမွှေးလေးကိုတစ်နေရာမဟုတ်တစ်နေရာကရတတ်သည်။
မိုးသစ္စာမောင်ကတော့မနက်လင်းကတည်းက
မြတ်လေးနဲ့ခတ္တာနေမကောင်းဘူးဆိုတဲ့သတင်းစကားကြောင့်ထနောင်းတို့အိမ်ရောက်သွားသည်။မြတ်လေးကအခြေအနေကောင်းပေမဲ့ခတ္တာ
လေးကတော့အခြေအနေမကောင်း။ကိုယ်တွေပူပြီးဖျားနေသည်။အစာလည်းမဝင်၊ဆေးလည်းမဝင်။ထနောင်းကတော့မိုးမိပြီးအအေးပက်တာဟုခပ်ပေါ့ပေါ့ပဲပြောသည်။
ခတ္တာလေးကိုကလေးအထူးကုနဲ့ပြဖို့ဆေးရုံခေါ်သွားကြတော့မိုးသစ္စာမောင်အိမ်ပြန်လာခဲ့သည်။ဖြစ်ပျက်ခဲ့သမျှအကြောင်းရင်းကိုဘယ်သူကမှသေချာရှင်းမပြတော့မိုးသစ္စာမောင်လည်းဘာမှသေချာမသိ။ရိုးရိုးတန်းတန်းဖျားနာတာပဲဟုတွေးကာစိတ်ပေါ့ပေါ့ပဲနေလိုက်သည်။
မနက်ခင်းပိုင်းမှာပူကျစ်နေတဲ့နေကနေ့ခင်းပိုင်း
ရောက်တော့နေရောင်ပျောက်ပြီးမိုးရိပ်တွေဆင်လာပြန်သည်။ဖိုးခွေးကသူနေလှန်းထားတဲ့နနွင်းခေါင်းတွေကိုကျုံးပြီးအိတ်ကြီးတစ်လုံးထဲကိုစုထည့်သည်။ပြီးတော့နနွင်းအိတ်ကြီးဆိုင်ကယ်
ပေါ်တင်ပြီးကြိုးနဲ့တုပ်သည်။ဖိုးခွေးအိမ်ထဲဝင်
လာတော့မိုးသစ္စာမောင်က-
“ဖိုးခွေးဘယ်သွားမလို့လဲ"
“နွားခြံ"
“ငါလည်းလိုက်ခဲ့မယ်”
“လိုက်ခဲ့လေ"
ဖိုးခွေးကတိုတိုတုတ်တုတ်ပဲပြောပြီးအိမ်ခန်းထဲဝင်၊လက်ရှည်အင်္ကျီထပ်ဝတ်၊ဖီးကြမ်းငှက်ပျောသီးတစ်ဖီးဆွဲပြီးပြန်ထွက်လာသည်။