ထနောင်းတို့အားလုံးအထုပ်တွေကိုနေရာတကျထားပြီးခဏတဖြုတ်နားလိုက်ကြသည်။ထနောင်းတို့တဲအိမ်တန်း၏အနောက်ဘက်တွင်ချောင်းကူးတံတားနှင့်လူသွားလမ်းသေးသေးလေးရှိသည်။မျက်နှာစာမှာတော့ကားမောင်းလို့ရသည့်လမ်းမကျယ်ကြီးရှိသည်။
လမ်းမကြီးအဆုံးနှင့်တံတားအစနားတွင်မီးကင်းတဲရှိပြီးထိုမီးကင်းတဲကဝါးနှစ်ပြန်စာလောက်မြင့်အောင်ဆောက်ထားသည့်လင့်စင်ကြီးဖြစ်သည်။တာဝန်ကျမီးကင်းသမားကထိုလင့်စင်ကြီးပေါ်တက်ပြီးပွဲခင်းကြီးတစ်ခုလုံးကိုကြည့်သည်။
ထနောင်းတို့မရောက်ခင်နှစ်ရက်ကပွဲခင်းမီးလောင်၍တဲအိမ်တန်းနှစ်တန်းမီးထဲပါသွားသည်
ဟုသိရသည်။တဲအိမ်တွေကဝါးနှင့်ဆောက်
ထား၍မီးလောင်လွယ်သည်။ထို့ကြောင့်ပွဲခင်းထဲတွင်စားသောက်ဆိုင်များမှလွဲ၍မည်သူမျှမီးမမွှေးရပေ။ထနောင်းတို့အခန်းကချောင်းနံဘေးတွင်ဖြစ်နေ၍ရေဆင်းချိုးရတာအဆင်ပြေသည်။ချောင်းနှင့်ဝေးသည့်လူတွေကအဝတ်အစားတွေယူပြီးတကူးတကရေလာချိုးကြသည်။ယောက်ျားလေးတွေကဘောင်းဘီတိုလေးတွေနဲ့ရေချိုးကြပြီးမိန်းကလေးတွေကအင်္ကျီဝတ်နဲ့ပင်ရေချိုးကြသည်။
ရေအောက်တွင်ရွှံ့တွေ၊သဲတွေ၊နွံတွေဘာမှမရှိ။
ချောင်းအောက်ခြေတွင်ကျောက်စရစ်ခဲတွေနှင့်ပြည့်နေသည်။ထနောင်းတို့ကဝေးဝေးလံလံမသွားဘဲတံတားအနီးမှာပင်ရေချိုးကြသည်။ထိုနေရာ
၏အထက်ပိုင်းတွင်နောက်ထပ်ချောင်းကူးတံ
တားတစ်စင်းရှိသေးသည်။ချောင်းရေကကြည်စိမ်းနေပြီးဒူးအထက်ထိနစ်ရုံပဲရှိသည်။သို့သော်ဒူးအထက်ပဲရှိသည့်ချောင်းရေကထနောင်းတို့ရေချိုးနေဆဲမှာပင်တရိပ်ရိပ်နှင့်တိုးလာခဲ့ရာရေကပေါင်ရင်းထိရောက်သွားသည်။ထို့ထက်တော့ပိုပြီးတိုးမလာတော့ပေ။
ဘုရားဖူးလာသည့်ကလေးတွေကမန်းချောင်းထဲတွင်ထိန်းမနိုင်သိမ်းမရပျော်ရွှင်နေကြသည်။ကလေးတွေကရေကိုဆန်တက်ပြီးအထက်ပိုင်းရှိတံ
တားသို့ရောက်လျှင်ဘောကွင်းစီးပြီးရေစီးအတိုင်းမျှောချကြသည်။ထိုကလေးအုပ်ထဲတွင်ဖိုးခွေးပါပါဝင်နေ၍မိုးသစ္စာမောင်လည်းဖိုးခွေးနောက်
လျှောက်လိုက်နေရသည်။
YOU ARE READING
Fanfictionအညာမြေ fic ရဲ့ book-3 လေးပါ... အညာမြေ fic ရဲ့ book-3 လေးပါ။