ထနောင်းတို့ကားနှစ်စီးရှေ့ခရီးကိုထွက်လာခဲ့
ကြရာလယ်ကွင်းပြင်တွေဆီရောက်လာခဲ့ကြသည်။လယ်ထဲတွင်ကောက်စိုက်မတွေကောက်စိုက်နေကြသည်။ထနောင်းကစစ်သကြီးပီသလှသည်။ကောက်စိုက်မတွေကိုမြင်တော့သူမနေနိုင်။ကားပေါ်ကနေ“ဟေး"ခနဲ့အသံပေးလိုက်သည်။လယ်ထဲတွင်ကုန်းပြီးကောက်စိုက်နေကြသည့်ကောက်စိုက်မတွေကမော့ကြည့်ကြသည်။ထနောင်းနှင့်အတူကားပေါ်တွင်ပါလာသည့်လူတွေအကုန်လုံးကလက်တွေဝှေ့ယမ်းပြကြသည်။လယ်
ထဲကကောက်စိုက်မတွေကလည်းလက်တွေဝှေ့ယမ်းပြီးနှုတ်ဆက်ကြသည်။ထနောင်းတို့အဖွဲ့နှင့်လယ်ထဲကကောက်စိုက်မ
တွေအပြန်အလှန်နှုတ်ဆက်ကြရင်းထိုနေရာမှကားကိုဆက်မောင်းလာခဲ့ကြရာထူးဆန်းသော
မြင်ကွင်းကိုမြင်လိုက်ရလေသည်။ကားလမ်းမကြီးအလယ်တွင်ကောက်စိုက်မတွေတန်းစီရပ်ပြီးကားတားနေကြသည်။လူရှစ်ယောက်ခန့်ရှိပေမည်။သူတို့ကထဘီကိုဒူးအထက်ထိတိုအောင်ဝတ်ထားပြီးလက်ရှည်အင်္ကျီတွေကိုအပေါ်ကထပ်ဝတ်ထားကြသည်။ပုဆိုးကိုသုံးထောင့်ချိုးပြီးခေါင်းတွင်ပတ်လျက်မေးအောက်တွင်သိုင်းချည်ထားသည်။ထိုအပေါ်တွင်မှဝါးခမောက်တစ်လုံးစီဆောင်းထားကြသည်။
၎င်းတို့၏ပုံစံကသပြေတန်းရွာသူတွေကောက်စိုက်ထွက်သည့်အပြင်အဆင်နှင့်အတူတူပင်ဖြစ်
သည်။ပါးကွက်ကျားကြီးကြီးကွက်လိုက်လျှင်တစ်ကိုယ်လုံးကနေပျောက်မထိုးနိုင်အောင်လုံခြုံသွားပေပြီ။ထနောင်းစိတ်ထဲတွင်ကောက်စိုက်မယိမ်းများကနေသလားဟုထင်လိုက်မိသည်။ကားကသူတို့နားသို့ရောက်လျှင်ရပ်သွားသည်။ကားရပ်သည်နှင့်ကောက်စိုက်မတွေကကားပေါ်တွင်ထိုင်
နေကြသည့်ထနောင်းတို့ကိုရေလိုက်လောင်း
သည်။ဖိုးခွေးကျောပေါ်သို့ရေလောင်းချခံလိုက်ရစဉ်ဖိုး
ခွေးတွန့်ခနဲ့ဖြစ်သွားရသည်။တစ်လမ်းလုံးကိုယ်
ကပဲသူများကိုရေလောင်းလာခဲ့သည့်ဖိုးခွေးမှာကောက်စိုက်မတွေနဲ့တွေ့မှသူတို့ရေလောင်းတာခံဖို့ကားရပ်ပေးလိုက်ရသလိုဖြစ်သွားလေသည်။
YOU ARE READING
Fanfictionအညာမြေ fic ရဲ့ book-3 လေးပါ... အညာမြေ fic ရဲ့ book-3 လေးပါ။