*For Unicode*
အားးး နံပါတ်(၅၂) ငါပဲ ငါgive awayပေါက်ပြီ!!
ရန်ကုန်မြို့တစ်နေရာတွင်ထွက်ပေါ်လာသော အသံပြဲကြီး။ထိုအသံပြဲကြီးထွက်ပေါ်ရာကိုလိုက်ရှာကြည့်လိုက်ရင်တော့ အလွန်ပင်ပျော်ရွှင်နေသော မိy/nကိုတွေ့ရလိမ့်မည်။
Y/nပျော်ရွှင်နေရသောအကြောင်းကား အသစ်စက်စက်ထွက်ရှိထားတဲ့ စာအုပ်လေးgive awayပေါက်၍ဖြစ်သည်။ Y/nဘဝမှာပထမဆုံးပေါက်ဖူးသည့် GWဆိုလည်း မမှားသည်မို့ အလွန်တရာပင်ပျော်ရွှင်နေမိသည်ကား Y/nရဲ့အလွန်တော့လည်း မဟုတ်ပေ။
အမြန်ပင်ဆက်သွယ်ရမည့်သူကိုဖုန်းဆက်လိုက်ကာ အိမ်နံပါတ်တွေဘာတွေပြောတော့
ထိုအစ်မကြီးက deliခ ၂၀၀၀ သာကျမည်ဖြစ်ကြောင်း၊နောက်နှစ်ရက်ဆိုရင်ရောက်မည်ဖြစ်ကြောင်း၊ပေါက်လို့ ဝမ်းသာပါသည်ဘာညာသကာစသည်ဖြင့်ပြောကာဖုန်းချသွားလေသည်။Y/nလည်းပြုံးပြုံးကြီးနဲ့ပီတိတွေဖြာနေပြီး အိမ်ကိုလှလှလေးရောက်ရှိလာမည့်စာအုပ်အကြောင်းတွေးနေတော့သည်။
ထိုစာအုပ်မှာ BTSလို့ခေါ်သည့်boy bandတစ်ခုနှင့်စာဖတ်သူတို့၏ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ခုဖြစ်သော်ငြားလည်း အလွန်ပင်ဖတ်ကောင်းသည့်စာအုပ်တစ်ခုဖြစ်ကြောင်း y/nကြားဖူးသည်။
သို့ပေမယ့် y/nတစ်ခါမှမဖတ်ဖူးပါ။ကောင်းလွန်းသည်ပြောသဖြင့်ဥထားခြင်းပင်ဖြစ်လေသည်။
အခုတော့ ဥထားခဲ့တာမှန်ခဲ့လေပြီ အခုလိုစာအုပ်လေးနဲ့ကိုင်ကာ ဖတ်ရတဲ့feelလေးကပိုပြီးကောင်းလွန်းလှသည်မဟုတ်လား။ထို့ကြောင့် spoilတွေကိုပင်မနည်းပတ်ပြေးရှောင်ခဲ့ရသေးသည်။“ မိy/n ထမင်းစားဖို့အကုန်ပြင်ဆင်ပြီးပြီဟဲ့ ငါနင့်ကိုပါးစပ်ထဲတော့ ဖြဲမခွံ့ရဘူးမလား အမြန်လာခဲ့စမ်း!! ”
မိခင်၏ ချိုသာလွန်းသည့်အော်သံလေးတွေကြောင့်အမြန်ပင်ပြေးသွားလိုက်ရသည်။မဟုတ်လျှင်ကျောပေါ်ကို ဗျောတင်ခံရတော့မည်လေ။
၂ရက်ကြာပြီးနောက်.....
ရောက်ရှိလာတဲ့စာအုပ်လေးက လှလှပပ။ဖြည်းဖြည်းချင်းဖြည်ချလိုက်တော့ အလွန်ပင်လှပနေတဲ့coverလေးနဲ့တင် y/nစိတ်တွေထိန်းမရ။အချိန်ကြည့်လိုက်တော့ နေ့လည်၁နာရီမို့ မေမေလည်း တစ်ရေးအိပ်တဲ့အချိန်ပင်။ထို့ကြောင့် အမြန်ပင် ပထမဆုံးစာရွက်လေးကိုလှန်လိုက်ရင်း........
YOU ARE READING
My 7 Alphas
Fanfictiony/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo