*For Unicode*
“ မဟုတ်ဘူး အချိန်မှီသေးတယ်လို့ပြောနေတယ်လေ!! ”
Lauraပါးပြင်တွင်မျက်ရည်များစီးကျလာသည်။
“ lauraနင် ငိုနေတာလား ”
Kim Vက lauraရဲ့ပုခုံးကိုပုတ်ပေးကာဆိုလာသည်။
‘ မှန်တယ်Laura နင်မှန်တယ် ငါတို့အချိန်မှီနိုင်သေးတယ် ငါသွားရှာမယ် နင်ဒီမှာခဏလေးပဲစောင့် ’
Lillianကလည်းLauraကိုနှစ်သိမ့်သလိုနဲ့ပြောလာသည်။ထိုနောက်Lillianဟာလည်းတစ်ကိုယ်တည်းအပင်ရှာရန်ထွက်သွားတော့သည်။ Lauraကတော့ ဘာစကားကိုမှပြန်မဆိုချင်တော့။ သူ့ရဲ့စိတ်ထဲဟာလွန်စွာရှုပ်ထွေးနေပြီး ထိုရှုပ်ထွေးမှုများက များပြားလာသည့်အတွက် မျက်ရည်အဖြစ်ပြန်ကျလာခြင်းပင်ဖြစ်နေသည်။
Kim Jinမသေနိုင်ဘူးဆိုတာကိုသိနေသော်လည်း
စိတ်ထဲမှာ အတော်ပင်ပူလောင်လို့နေသည်။* Congratulations!!! Host ပထမဆုံးမီနီမစ်ရှင်မှာအောင်မြင်သွားပါပြီ အဲ့အတွက်hostမှာပြောင်းလဲဇာတ်ကြောင်းကိုကြိုသိခွင့်ကတ် ရပါမယ် hostအတွက်albumလှလှလေးနဲ့သိမ်းထားပေးပါမယ် *
ကတ်အသုံးပြုပုံ
ပြောင်းလဲသွားမယ့်ဇာတ်ကြောင်းအလိုက်၁နာရီစာကြိုဖြစ်မယ့်ဇာတ်ကြောင်းတွေကိုကြိုသိခွင့်ရမှာပဲ ဖြစ်ပါတယ်။' ဒီမှာအရူးမီးဝိုင်းလိုဖြစ်နေတာကို နင်က ဘာတွေလာကြော်ငြာနေသေးတာလဲ အသေးလေးရဲ့!! '
* ဒါအခွင့်အရေးလေ hostရဲ့မသုံးကြည့်ချင်ဘူးလား *
' မသုံးချင်ဘူး!! '
* -_- သုံးကြည့်ပါဆို *
' ကိုယ့်ဟာကိုယ်လုပ်စရာရှိတာသွားလုပ်နေစမ်းပါ ငါKim Jinအတွက်အပင်ရှာရဦးမယ်!! '
* ပလစ်ခံsystem-_- နည်းနည်းလောက်နားထောင်ပေးပါဦး *
' နင်ကြိုသိနေတာပဲမဟုတ်ဘူးလား ဒီတိုင်းပြောပြလိုက်လဲရတာကို ဘာကို အခွင့်အရေးကတ်သုံးရမှာလဲ !!! '
* System- [ဆွံ့အ] *
“ Lillianတစ်ယောက်တည်းမဖြစ်ဘူး သူသွားတာနည်းနည်းကြာနေပြီ ငါလိုက်သွားလိုက်ဦးမယ် ”
YOU ARE READING
My 7 Alphas
Fanfictiony/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo