*For Unicode*
“ ဟူးးးး ပင်ပန်းလိုက်တာ ”
Lauraပြောပြီး မြေကြီးပေါ်မှာပင်ထိုင်ချလိုက်သည်။လက်ဆယ်ချောင်းပင်မပြည့်တဲ့အရေအတွက်နဲ့ စိတ်ရူးဖောက်နေတဲ့သူတွေကို တိုက်ထုတ်ရတာတောင် ဒီလောက်ပင်ပန်းနေရင် Lauraရေ နင်ဘယ်လိုဆက်လုပ်မလဲ....။
မြေကြီးပေါ်မှာလုံးဝအသက်မဲ့သွားပြီဖြစ်တဲ့ စိတ်ရူးဖောက်alphaကိုးကောင်တိတိကို ကြည့်ပြီးLauraအတွေးဝင်လာမိသည်။
“ Laura Mabelမင်းတကယ်တော်တယ် ”
ကြားလိုက်ရတဲ့အသံကြောင့်လှည့်ကြည့်လိုက်တော့ Kim Jinဖြစ်နေသည်။Lauraမသိမသာပြုံးမိသွားပြီး ချီးမွမ်းပေးတဲ့အတွက်ကျေးဇူးတင်စကားဆိုလိုက်သည်။
“ Alphaတွေကြီးပဲ ဒါတွေအကုန်လုံးက ”
Kim Vကစကားဆိုလိုက်ပြီးသူ့ရဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ Julianမြို့တော်မှလူအတော်အများဟာလည်း အခုမှစိတ်ချနိုင်သွားစွာနဲ့ မြေပြင်ပေါ်တွင်ထိုင်ချအပန်းဖြေလို့နေကြသည်။
“ လှေတွေကဘယ်နားကနေကမ်းကပ်မှာလဲ ”
Royal JiminကKim Jinအားကြည့်ကာမေးလိုက်တော့..
“ တံတားရဲ့ဟိုဘက်ခြမ်းကိုကမ်းကပ်မှာ တံတားရဲ့ဟိုဘက်ခြမ်းမှာတော့ဘာမှမဖြစ်လောက်သေးဘူးထင်တယ် ညဈေးပွဲတော်က ဒီဘက်ခြမ်းမှာပဲရှိပြီး အဲ့ဘက်က ဆီမီးခွက်တွေမျှောကြတာ ဒီထဲမှာ ဘယ်သူတွေ ညဈေးကပွဲတော်မုန့်တွေစားထားကြသေးလဲ အထူးသဖြင့်Alphaတွေ! ”
Jiminရဲ့အမေးကိုဖြေလိုက်ပြီးလူအုပ်ဘက်သို့လှမ်းမေးလိုက်တော့ ထိုင်နေတဲ့လူအုပ်ကြီးကလှုပ်လှုပ်ရှားရှားဖြစ်သွားပြီး စကားသံတွေကျယ်လောင်လာတော့သည်။
လူအုပ်ကြီးထဲက လူ၂၀ကျော်လောက်က မတ်တပ်ရပ်လာကြပြီးသူတို့စားခဲ့ကြောင်းဝန်ခံကြသည်။
မဝန်ခံလို့လည်းမရတော့ပေ။အခုပင် Julianရဲ့မြေကြီးကားသွေးစတွေစွန်းထင်းနေပြီမဟုတ်လား ။Kim Jinအတွက်ကြီးလေးတဲ့အထုပ်ကြီးတစ်ခုပုခုံးပေါ်ကိုပစ်တင်ခံလိုက်ရသည့်အတိုင်းပင်။သေဆုံးသွားတဲ့လူတွေအတွက်လည်း မြေချပေးရဦးမည်။ယခုထပ်ကူးစက်လာဦးမည့်လူတွေကိုလည်းထပ်မံထိန်းသိမ်းရဦးမည်။ Kim Jinတွေးရင်းဒေါသထွက်လာသည်မို့ ဟိုသတိမေ့နေဆဲbetaကောင်ကိုသာ အပြစ်တွေထပ်မံပုံချပစ်လိုက်ချင်လာသည်။
YOU ARE READING
My 7 Alphas
Fanfictiony/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo