EP-55(The Woman who can't speak)

430 64 22
                                    

*For Unicode*

“ ဘယ်ကိုသွားနေတာလဲ ”

“ ဂျုံမုန့်ကင်ရောင်းတဲ့ဆိုင် ”

“ ဟမ်.. Laura..နင်ဗိုက်ဆာနေလို့လား ”

“ ငါ့ကိုယုံကြည်လားKim V ”

“ ယုံတယ် ”

“ ယုံရင်ငါ့နောက်ကိုဒီတိုင်းလေးလိုက်ခဲ့ပေး ”

Lauraသေချာပေါက်တွေ့လိုက်တယ်။ဝေးဝါးနေတဲ့အတိတ်ပုံရိပ်မှာသေချာပေါက်ကိုတွေ့လိုက်တယ်။Doraဖြစ်တဲ့Kim Vအမေကို‌ကလေးလဲပေးခဲ့တဲ့ဝမ်းဆွဲသည်ကို ဂျုံမုန့်ကင်ရောင်းတဲ့ဆိုင်မှာသေချာပေါက်တွေ့လိုက်တယ်။

တဖြည်းဖြည်းနေဝင်လာပြီဖြစ်၍Mabelဈေးထဲတွင်မီးအိမ်လေးများစတင်ထွန်းညှိနေကြလေပြီ။

" ဂျုံမုန့်ကင်တွေရမယ် တစ်ခုမှရွှေ၃ပြားထဲ ဂျုံမုန့်ကင်တွေနော် အန်ဂျလော်ရီတိုင်းပြည်ကMabelမြို့မှာ ကျွန်တော်တစ်ယောက်တည်းရောင်းတဲ့ဂျုံမုန့်ကင်တွေရမယ်နော်!! "

“ ခင်ဗျားတစ်ယောက်တည်းရောင်းလို့တော်သေးဝာာပေါ့ ”

Lauraပြုံးကာပြောလိုက်တော့ထိုလူကLauraဘက်သို့ကြည့်လာသည်။

" ဘာလိုချင်တာလဲမိန်းမလှလေး..ဂျုံမုန့်ကင်ကိုမှပုံစံအသစ်နဲ့လုပ်ထားတဲ့အသစ်စက်စက်မုန့်အသစ်လည်းရပြီနော်..ဒီမုန့်ကလည်းကျွန်တော်တစ်ယောက်တည်းရောင်းတာပဲ "

“ ဒီမှာရွှေ၃ပြား!.. ဂျုံမုန့်ကင်တစ်ခုနဲ့အမှန်တရားတစ်ခုကို ကျွန်မလိုချင်တယ် ”

" အမှန်တရား ဘာအမှန်တရားလဲ "

“ ရှင့်ရဲ့အဒေါ်ကဝမ်းဆွဲဆရာမမဟုတ်လားသူနဲ့ကျွန်မတွေ့ချင်တယ် ”

" မင်းကဘယ်လိုသိတာလဲ ငါ့အဒေါ်ကဝမ်းဆွဲဆရာမတော့ဟုတ်တယ် ဒါပေမယ့်သူမွေးခဲ့ဖူးတဲ့ကလေးကတစ်ယောက်ပဲရှိတာ... "

“ အဲ့ကလေးက ကျွန်မရဲ့ဘေးကလူဆိုရင်ရော ”

“ Lauraနင်ဘာပြောချင်တာလဲ ငါ့ကိုမွေးပေးတဲ့လူလား ”

“ အင်း..အခုငါလုပ်နေတာကိုငါသေချာပေါက်သိတယ်Kim V.. ”

" မင်းကဘာကိုလိုချင်နေတာလဲ.. "

My 7 AlphasWhere stories live. Discover now