*For Unicode*
များပြားလှတဲ့အတွေးပေါင်းများစွာတွေးပြီးနောက်မှာတော့ Lauraခဏလောက်ငြိမ်သက်သွားသည်။
သူ့ရဲ့အရှေ့မှာလည်း ပြစ်ဒဏ်နာရီကြီးရှိနေသေးသလို သူကအခုအဆိပ်ရှိတဲ့မုန့်တွေအများကြီးကိုလည်းစားမိထားသေးသည်။
အခုစိတ်ဝိဉာဉ်တွေပါလွင့်ပြယ်သွားကာတောင့်တောင့်ကြီးရပ်နေမိသည်မှတစ်ပါး ဘာမှမလုပ်နိုင်တော့။
ပြစ်ဒဏ်နာရီကြီးကား ရွေ့လျားနေဆဲ။
~~~
*ခွပ်! ခွပ်! ခွပ်!*
ကျယ်လောင်လှသည့်ထိုးသံကိုကြားမှlauraအသိစိတ်တွေပြန်ကပ်မိတော့ ဟိုလူယုတ်မာbetaကောင်ဟာ Julian Kim Jinရဲ့လက်ချက်ကြောင့်သွေးတွေရွှဲကာမြေပြင်ပေါ်မှာငြိမ်သက်နေခဲ့ပြီ။
“ သူ့ကိုငါခေါ်သွားမယ် ”
Kim Jinရဲ့အေးစက်လှသည့်စကားသံ။
“ မရဘူး မင်းသူ့ကိုခေါ်သွားလို့မရဘူး ဒီကိစ္စကVenusနဲ့လည်းသက်ဆိုင်နေတယ် ”
Royal jiminကပြန်ချေပတော့ Kim Jinကဂရုမစိုက်စွာနဲ့ ထိုbetaကောင်ကို လည်ပင်းကနေဆွဲမလိုက်သည်။
“ Julian Kim Jin!! ”
“ ဘာလဲ Mabel Kim V! ”
“ မင်းတို့စိတ်အေးအေးထားကြစမ်းပါ အဲ့လောက်ထိ စိတ်အလိုလိုက်မနေကြနဲ့! ”
“ မင်းနဲ့ဘာဆိုင်လို့လဲKim V! ဒါကငါတို့ကိစ္စ ”
“ အေးဟုတ်တယ် ဒါမင်းတို့ကိစ္စRoyal Park Jimin!! ငါတို့လည်းအခုချက်ချင်းကို Mabelမြို့တော်ကိုပြန်ချင်နေပြီ သိလားကွ!! ”
ဝင်ဖြေတဲ့သူနဲ့ပါရန်ဆက်ဖြစ်ကတော့ အင်အားကြီး Alphaသုံးယောက်ရဲ့ ဒေါသpheromoneတွေက အချင်းချင်းဖိနှိပ်ဖို့ကြိုးစားပြီးစတင်တိုက်ခိုက်ကြပေမယ့် အင်အားချင်းညီနေ၍ အကျိုးမရှိဘဲပတ်ဝန်းကျင်ကတခြားအယ်လ်ဖာ၊အိုမီဂါတွေသာဒုက္ခရောက်ရပြန်သည်။
Lillianမှာလည်းpheromoneတွေရဲ့နှိပ်စက်မှုဒဏ်ကြောင့်ပျော့ခွေနေပြီဖြစ်ပြီး pheromoneမခံစားနိုင်တဲ့Lauraပင် အနည်းငယ်သူတို့၏ဒေါသအငွေ့အသက်များကိုခံစားမိလာသလိုပါပင်။
YOU ARE READING
My 7 Alphas
Fanfictiony/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo