EP-33(What's wrong with me again!)

828 90 34
                                    

*For Unicode*

“ Lillian! ”

Kim Vဟာမေ့မြောနေပြီဖြစ်တဲ့Lillianကိုလှုပ်နိုးကြည့်တော့သတိပြန်မလည်လာခဲ့။

'ပြေးရတော့မယ်ထင်တယ်'

အတွေးလေးတစ်ခုဟာဦးနှောက်ထဲဖြတ်ခနဲမီးလင်းလာလေသည်။

“ Laura Mabel! မင်း ဘယ်ပြေးတာလဲ ”

ခြေထောက်တွေကသစ္စာ‌ရှိစွာအပြင်ကိုပြေးထွက်သွားတော့J-hopeကလှမ်းအော်လေသည်။
ဒါပေမယ့်အနည်းငယ်ပြေးပြီးအကြာမှာပဲ Ianနဲ့ထိပ်တိုက်တွေ့တော့သည်။

“ Noona! ဘာလို့ပြေးလွှားနေရတာလဲ ”

“ Jeon Ian! အနောက်ကလူတွေမေးရင်ငါ့ကိုမတွေ့ဘူးပြောပေးပါ!! ”

ပြန်အော်ပြောကာလမ်းချိုးအားကွေ့လိုက်တော့Kim Jinနဲ့Park Jimin...။

'ငါဘယ်တော့မှလွတ်မှာလဲဟ နောက်ပြီးငါဘာလို့အသည်းအသန်ပြေးနေမိတာလဲ'

အခြေအနေကားတကယ့်ကို‌ဗြုတ်စဗျင်းတောင်းပင်။ဆိုးရွားလွန်းတဲ့ဇာတ်ကွက်တွေဟာLaura Mabelနဲ့ကျမှဖြစ်ပေါ်လာရတော့ စာဖတ်သူတွေဟာ စာရေးသူကိုအပြစ်ပြောကြပေဦးမည်။

စာရေးသူသာအဖြူထည်လေးသာဖြစ်ကြောင်း၊
ဗီလိန်အချောလေး Laura Mabelကိုယ်ထဲစပ်စလူးကိုနတ်ပူးတဲ့မိy/nကူးပြောင်းပြီးသကာလမှသာအခုလို ဇာတ်ကွက်တွေဗြုတ်စဗျင်းတောင်းဖြစ်ကုန်ကြောင်းကိုလည်းသတင်းစာရှင်းလင်းပွဲပါလုပ်ပြီးပြောပြရမည့်ပုံပေါ်နေပါသည်။

အခုလောလောဆယ်တော့Laura Mabelဟာ ကြီးမားလှတဲ့Julianအိမ်တော်ကြီးထဲမှာ စိန်ပြေးလိုက်တမ်းကစား၍နေတုန်းပင်။

ခြေဦးတည့်ရာလျှောက်ပတ်ပြေးရင်းမှအိမ်အောက်ထပ်ကိုဆင်းမည့်လှေကားနဲ့အတူလှေကားထိပ်တွင်Rowon Kim RMကိုတွေ့လိုက်ရလေသည်။

ထိုအခိုက်...

“ အ့! ”

ဦးခေါင်းတစ်ခုလုံးကိုတူနှင့်ထုပစ်လိုက်သလိုနာကျင်သွားသည်။

'ငါဘာဖြစ်တာလဲ! ဘာလို့အဲ့လောက်နာရတာလဲ'

နာကျင်သွားသည့်ဦးခေါင်းအားထိန်းကိုင်ရင်းခြေလှမ်းတွေကတော့ အောက်ထပ်ကိုဆင်းမည့်လှေကားရဲ့ပထမဆုံးအထစ်၊Kim RMရှိနေတဲ့နေရာတွင်ပဲယိုင်လဲကျသွားသည်။

My 7 AlphasWhere stories live. Discover now