EP-38(The story of bridge)

818 96 41
                                    

*For Unicode*

လသာဆောင်လို့ပဲပြောရမလား။အခုLauraတို့ကJulianအိမ်တော်ရဲ့အမြင့်ဆုံးအထပ်တွင်ရောက်နေသည်။ဘေးဘက်တွင် ဝရံတာလိုမျိုးထုတ်ထားပြီးထိုနေရာတွင် စားပွဲဝိုင်းတစ်ဝိုင်းနဲ့ထိုင်ခုံ၃ခုံရှိနေသည်။

‘ လာထိုင်လေသမီး ဒီနေရာကကြည့်ရင်Julianတစ်မြို့လုံးကိုမြင်နိုင်တယ် ’

သခင်မကြီးညွှန်ပြတဲ့နေရာလှမ်းထိုင်ပြီးကြည့်လိုက်တော့တကယ်ပင်Julianတစ်မြို့လုံးကိုလှပစွာမြင်ရလေသည်။

“ အဲ့ဝောာင်-မြောက်ကူးတံတားကြီးကတော်တော်ကြီးတာပဲနော် အဲ့ပေါ်တက်လျှောက်ခဲ့တုန်းကအဲ့လိုမထင်ရဘူး ”

Lauraပြောလိုက်တော့ သခင်မကြီးကပြုံးသည်။

‘ သေချာတာပေါ့ သမီးခုနကကြားခဲ့တဲ့ပုံပြင်လိုပဲဒီတံတားကြီးမှာလည်းပုံပြင်တစ်ခုရှိနေတယ် နောက်ပြီးခုနကသမီးကြားခဲ့တဲ့ပုံပြင်ကလည်း
မပြည့်စုံသေးဘူး ကလေးတွေဆိုတော့လေ..ဟားဟား.. ’

သခင်မကြီးကခပ်ဟဟရယ်လိုက်ပြီးဆက်မပြောသေးဘဲခဏရပ်လိုက်သည်။Lauraရဲ့သိချင်စိတ်ကတဖြည်းဖြည်းမြင့်တက်လာသည်။

‘ တကယ်တော့လနတ်သမီးကိုမြစ်နတ်သားမမေ့ဘူးလေ ပို့ပေးခဲ့တဲ့အလှဆုံးသောအိုမီဂါတွေဆိုတာတောင်သူ့အတွက်ဘာမှမဟုတ်ခဲ့ဘူး တစ်နှစ်ပြည့်တာနဲ့အလိုလိုအဲ့အိုမီဂါကိုငြီးငွေ့သွားပြီး လနတ်သမီးကိုပဲဆက်ချစ်တယ်...အဲ့တာကြောင့်မို့လို့နောက်တစ်ခါအသုံးတော်ခံဖို့အလှဆုံးအိုမီဂါတွေကိုထပ်ရွေးချယ်ရတယ်...Alinaဆိုတဲ့ကလေးမလေးကလည်း...သူ့အမေလိုပဲအရမ်းလှတာသမီးရဲ့... ’

“ အဲ့တော့ရေထဲပစ်ချပြီးစတေးခိုင်းမှာလား ”

သခင်မကြီးရဲ့ကျက်သရေရှိတဲ့မျက်နှာဟာတခဏအတွင်းပျက်ယွင်းသွားသည်။သို့ပေမယ့်ဟန်ဆောင်ကောင်းတယ်ဟုပြောရမည်....သူ(မ)အပြုံးကတော့နည်းနည်းလေးမှယိုမယွင်းသွား...ဆက်၍ပြုံးနေဆဲ...။

‘ ဘယ်ကကောလဟာလတွေလဲသမီးရယ်..’

“ ထင်တာပြောတာပါအန်တီ ”

‘ မဟုတ်ပါဘူး....အဲ..အန်တီပြောတာကပွဲတော်မှာအဲ့လိုမျိုးမလုပ်ဖူးပါဘူး ’

My 7 AlphasWhere stories live. Discover now