*For zawgi*
“ Laura Mabel နင်ရောအဆင်ပြေရဲ့လား နင်ငါ့ကိုစိတ်မဆိုးပါနဲ့နော် ငါKim Vကိုလည်းရှင်းပြပြီးပါပြီ Vကလည်းနင့်ကိုခုနကပြောခဲ့တာတွေအတွက်ပြန်တောင်းပန်မယ်ပြောတယ် ငါတို့အရင်လို ချစ်ချစ်ခင်ခင်ပြန်နေကြမယ်မဟုတ်လားဟင် ”
ချိုသာလိုက်သည့်အသံလေးပါရှိနေသည့်ဇာတ်လိုက်မကား တကယ်ကိုလှပလွန်းသည်ထက်ကိုပိုနေသည်မို့ y/nခေါင်းကုတ်မိတော့သည်။
* သေရော ဇာတ်လိုက်မက ဒီလောက်လှလို့ ငါ့ဇာတ်ဆောင်လေးတွေက သဲ"လှုပ်နေတာပေါ့ ငါကဒီဇာတ်လမ်းကို ဘယ်လိုပြောင်းလဲရမလဲ အားးရူးချင်တာပဲ Systemရယ် *
“ ဟင်...အင်း.. Lillian”
“ ငါသိသားပဲ Lauraနင်က ငါ့ကိုအဲ့လိုချောက်တွန်းမယ့်သူမဟုတ်ဘူးဆိုတာ ”
ဇာတ်လိုက်မလေးက လာဖက်တော့လည်းy/nမှာ အင်တင်တင်နဲ့ဖက်တာခံလိုက်ရပါသေးတယ်။ဒါတောင် မိy/nက နောက်ဆိုရင်ဇာတ်ဆောင်တွေလည်းသူ့ကိုလာဖက်နိုင်တယ်ဆိုတဲ့အကြံဆိုးကြီးနဲ့ပြုံးစိစိလုပ်နေသေးသည်။နောက်မှကိုယ့်ကိုကိုယ်ဗီလိန်မကြီးဆိုတာသတိရပြီး ဖီးလ်ပျက်သွားတော့သည်။
“ အဲ့တာဆို အိပ်တော့နော် ငါလည်းအိပ်တော့မယ် မနက်ကျရင်Kim Vကို စိတ်ဆိုးပြေလိုက်တော့နော် ”
“ အာ..အင်း အင်း ”
ဇာတ်လိုက်မလေးမှာ ပြုံးရွှင်ပြီးထွက်သွားတာချစ်စရာအတိ။
* နေစမ်းပါဦး ဒီစာအုပ်ထဲက ဇာတ်လိုက်တွေအကုန်ချောလွန်းနေတာမဟုတ်ဘူးလား Kim Vဆိုတဲ့ဇာတ်ဆောင်တောင် Taehyungလေးနဲ့ချွတ်စွတ်ဆိုရင် ကျန်တဲ့memberတွေလည်းအကုန်ငါတွေ့ရမှာပေါ့ အားး ပျော်လိုက်တာ *
‘ အပျော်မစောပါနဲ့ဦး အဓိကကမမှားမလုပ်မိဖို့ပါ မဟုတ်ရင်host အသေစောသွားပါလိမ့်မယ် ’
“ အမလေး!! ဒီလိုရုတ်တရက်ကြီး မထွက်လာလို့မရဘူးလား လန့်သွားတာပဲကို ”
‘ ကျွန်တော်ကအမြဲရှိနေတာပါ hostအခုစောစောအိပ်ပါတော့ မနက်ဖြန်ကဇာတ်ဆောင်၇ယောက်လုံးနဲ့ ဇာတ်လိုက်မစတွေ့တဲ့အခန်းပါ hostတစ်ခုခုပြောင်းလဲနိုင်မှရပါမယ် ’
YOU ARE READING
My 7 Alphas
Fanfictiony/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo