*For Unicode*“ Julianပေါက်စလေးတွေ ဘာလို့အဲ့လောက်ထိပြေးလာကြတာလဲ ”
Kim Jinဟာပြေးလာသည့်ကလေးတွေရှေ့မှာဒူးတစ်ဖက်ထောက်ကာထိုင်လိုက်ပြီးမေးတော့..
‘ သခင်လေးကိုတွေ့လို့ပါ သခင်လေး ’
“ ကိုကို့ရဲ့အဖေနဲ့အမေရော အိမ်တော်မှာရှိရဲ့လား”
‘ သခင်ကြီးကတော့မရှိဘူး သခင်မကြီးတော့ရှိတယ်ဟုတ်တယ်မလား ’
‘ ဟုတ်တယ် ဟုတ်တယ် ’
‘ ဟုတ်တယ် သခင်မကြီးတော့ရှိတယ် ’
“ ဟုတ်ပြီ ဒါပေမယ့်အခုကိုကိုပြန်လာပေမယ့် မင်းလေးတို့လိုချင်တဲ့လက်နက်အသေးစားတွေမပါလာဘူး ကိုကိုလည်းမထင်မှတ်ဘဲပြန်ရောက်လာတာမို့လို့ ကိုကို့ကို ခွင့်လွှတ်ပေးမယ်မဟုတ်လား ”
‘ မခံယူဝံ့ပါဘူးသခင်လေး ဒါပေမယ့်လည်းခွင့်လွှတ်ပေးမယ်နော်နောက်တစ်ခါတော့ ယူလာပေးမယ်မလား ကတိပေးနော် ’
ကလေးလေးတွေကားအလွန်ချစ်ဖို့ကောင်းလွန်းစွာနဲ့သူတို့ရဲ့လက်သန်းလေးတွေကိုထောင်ပြီး Kim Jinကိုအတင်းကတိပေးခိုင်းနေကြသည်။
“ ရပြီမလားကောင်လေးတို့ ကိုကိုတို့အိမ်တော်ကိုသွားရအောင်ကိုကို့ဧည့်သည်တွေလည်းပါတာမို့လို့ဧည့်သည်တွေကိုအကြာကြီးစောင့်ခိုင်းလို့မရဘူးလေ ”
‘ Nae!!! ’
ကလေးလေး၆ယောက်ဟာ အမြန်ပြန်ပြေးသွားကြပြီးသူတို့ရဲ့သခင်မကြီးကို သူတို့သခင်လေးလာပြီဖြစ်ကြောင်း သွားပြောကြပုံပေါ်ပါသည်။
ပြေးသွားတော့လည်း လုံးလုံး လုံးလုံးလေးတွေနဲ့တကယ်ပင်ချစ်စရာကောင်းလွန်းနေလေသည်။“ သွားကြမယ်လေ ”
“ အဲ့ကလေးတွေက ? ”
“ အဲ့တာ မိဘမဲ့ကလေးတွေလေ သူတို့မိဘတွေကလည်းအရင်ကငါ့မိဘလက်အောက်မှာအလုပ်လုပ်ခဲ့တဲ့betaတွေပဲ သူတို့တွေဆုံးသွားတော့ ဒီကလေးလေးတွေကိုအရွယ်ရောက်တဲ့အထိကြည့်ရှုစောင့်ရှောက်ပေးထားတဲ့သဘောပေါ့ ”
“ ဒါပေမယ့်သူတို့ကြီးလာရင်လည်း သူတို့မိဘတွေလိုပဲ ယဇ်ပူဇော်ခံရမှာမလား မင်းတို့ကအကျိုးလိုလို့ ညောင်ပင်လောင်းနေတာပဲ ”
YOU ARE READING
My 7 Alphas
Fanfictiony/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo