*For Unicode*
“ ကျွန်မJeon Ianနဲ့လိုက်သွားပါမယ် ”
“ ငါသဘောမတူဘူး! ”
“ Noonaကသဘောတူမတူပြောနေတာမဟုတ်ဘူးမင်းရဲ့သဘောထားကိုလည်းမသိချင်ဘူးNoonaကိုခေါ်သွားဖို့Mabelသခင်ကြီးခွင့်ပြုပြီးပြီ သူပေးထားခဲ့တဲ့ကတိအရသူNoonaကိုပေးလိုက်တာပဲKim V ”
IanကKim Vကိုဦးတည်ပြောလိုက်သော်လည်းမလိုက်စေချင်သောကြင်ယာတော်နဲ့Doraကိုပါပြောစရာစကားဆွံ့အသွားစေသည်။
" အရမ်းမစောလွန်းဘူးလား Venus Jeon IanသမီးLauraကလည်းအသက်၂၂နှစ်ပဲရှိသေးတာပါ "
Xavierကဝင်ဖျောင်းဖျသည်။ဒါပေမယ့်Ianကတော့Lauraကိုဆုပ်ကိုင်ထားသည့်လက်ကိုမဖြုတ်ဘဲ...
“ ကျွန်တော့်အတွက်မစောလွန်းပါဘူး မဟုတ်ရင်Noonaကတခြားသူနောက်ပါသွားနိုင်တယ်Noonaကbetaတစ်ယောက်ဖြစ်နေပေမယ့်လည်းOmegaတစ်ယောက်နီးပါးလှနေတာဦးလေးတို့လည်းသိတာပါပဲ ကျွန်တော်ကတော့Noonaကိုလုံးဝအဆုံးရှုံးမခံနိုင်ဘူးမို့လို့ပါ ”
" တကယ်သွားတော့မှာလားLaura..ငါတို့အတူတူထပ်ရှိနိုင်ဦးမယ်လို့ငါထင်နေတာ "
“ Noonaကိုအပြီးခေါ်သွားမှာမဟုတ်ပါဘူးVenusနဲ့Mabelမြို့ကဝေးကွာလွန်းတဲ့ခရီးမဟုတ်တာမို့လို့စိတ်မပူပါနဲ့Lillian.. ဦးလေးတို့အန်တီတို့ကိုလည်းအသိပေးပြီးပြီမို့လို့,ကျွန်တော်တို့ဒီညပဲခရီးပြန်ဆက်ရပါမယ် ”
Doraနဲ့ကြင်ယာတော်ကLauraကိုပွေ့ဖက်ကြပြီးနှုတ်ဆက်ကြသည်။သခင်ကြီးကတော့Lauraကို
ကောင်းကောင်းသွား ဟုသာနှုတ်ဆက်လိုက်သည်။Xavierကတော့အဆောင်ဖြစ်တဲ့ကျောက်ဝါလုံးလေးတစ်ခုကိုလက်ပတ်အနေနဲ့လုပ်ပြီးLauraကိုဝတ်ပေးလိုက်သည်။
Lillianကတော့Lauraကိုဖက်ကာငိုလို့နေသည်။
Kim Vကမျက်နှာလွှဲသည်။သူ့မျက်နှာတွင်မဖော်ပြနိုင်သည့်ခံစားချက်များစွာကိုမြင်နေရသည်။“ Kim V..ငါသွားတော့မယ် ”
Lauraဝေါယာဉ်ပေါ်ကနှုတ်ဆက်လိုက်တော့Kim Vကလျစ်လျူရှုကတရှုံ့ရှုံ့နဲ့ငိုနေတဲ့Lillianကိုသာချော့နေသည်။
“ ငိုမနေစမ်းနဲ့Lillian!! သူကငါ့ကိုတောင်တစ်ချက်မှပြန်မကြည့်ဘဲဆုံးဖြတ်သွားတာ..ငိုမနေနဲ့တော့ ”
YOU ARE READING
My 7 Alphas
Fanfictiony/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo