*For Unicode*[Warning!!ကြောက်မက်ဖွယ်ရာများပါဝင်နေပါသည်]
*ချလွင် ချလွင်*
*ချလွင် ချလွင်*
Lauraအိပ်စက်အနားယူနေပြီဖြစ်တဲ့အချိန်ဖြစ်သည်။ထိုအချိန်တွ&င်စိတ်ကလုံးဝအိပ်ပျော်နေပြီဖြစ်ပေမယ့်လည်းနားထဲတွင်အလွန်ပင်သာယာငြိမ့်အေးနေတဲ့ခေါင်းလောင်းသံလိုလို ဆည်းလည်းသံလိုလိုကြားနေရသည်...။
ထို့ကြောင့်ဆက်၍အိပ်လို့မရတော့။ထိုအသံသည်မနိုးမချင်းကြားနေရမည်ဖြစ်ကြောင်းကိုLauraလုံးဝသိနေသည်။ဘယ်လိုသိတာလဲဆိုတော့စိတ်ထဲကကိုလုံးဝကြီးသိနေတာမျိုး...။
မျက်လုံးကိုဆတ်ခနဲဖွင့်လိုက်သည်။ပထမဆုံးမြင်လိုက်ရတာကတော့ ဘေးကုတင်မှာအိပ်နေတဲ့ဇာတ်လိုက်မပဲ...။ထို့နောက်မြင်ရတာကခရမ်းရောင်အလင်းတန်းတွေ...ဖြာကျနေတယ်..။
ဘာလို့ခရမ်းရောင်အလင်းတန်းတွေဖြာကျနေရတာလဲ...။ဒီအတိုင်းကုတင်ပေါ်မှာငုပ်တုပ်လေးထိုင်လိုက်ရင်းပတ်ဝန်းကျင်ကိုအကဲခတ်လိုက်သည်။ မြင်နေကျဆိုပေမယ့်...တစ်ခုခုကထူးဆန်းနေတယ်...။
*ချလွင်.. ချလွင်*
Lauraရဲ့နားနှစ်ဖက်လှုပ်ရှားလာသည်။တစ်ဖန်ထပ်ကြားလိုက်ရတဲ့ချူသံလိုလိုဆည်းလည်းသံလိုလိုကိုနားစွန့်လိုက်သည်။
ထိုအသံကအပြင်ကလာတာ...။
ကုတင်ပေါ်ကနေထပြီး ပြတင်းပေါက်ရှိရာကိုဦးတည်သွားကြည့်လိုက်သည်။နက်မှောင်နေတဲ့ကောင်းကင်ထက်တွင်ငွေလမင်းကသာမန်နေ့တွေထက်ပိုတောက်ပနေသည်။
နောက်ပြီး.......OMG!!!!Lauraအမြင်မှားသွားတာလား။မျက်လုံးကိုလက်နဲ့ပွတ်သပ်လိုက်ကာကြည့်လိုက်သည်။အမြင်မှားနေတာမဟုတ်....။
လကနေပြီးတော့ငွေရောင်အမှုန်များစွာဖြာကျနေသည်...။တကယ့်ကိုငွေရောင်အမှုန်လေးများဖြစ်သည်။စိန်ပွင့်ကလေးများလို တလက်လက်နဲ့တောက်ပနေပြီးတစ်နေရာထဲသို့ဦးတည်ပြီးကျဆင်းနေတာပင်ဖြစ်သည်။
" ဘာတွေလဲ!! ငါအမြင်မှားနေတာမဟုတ်တာတော့သေချာတယ် တကယ်ကြီးလား...! ငါအပြင်ထွက်ကြည့်သင့်တယ် " လို့တွေးကာအခန်းတံခါးကိုဖြေးညှင်းစွာဖွင့်လိုက်သည်။
YOU ARE READING
My 7 Alphas
Fanficy/nလို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မတော်တဆတစ်ခုဖြစ်ပြီး My 7 Alphasလို့ခေါ်တဲ့ fanfictionစာအုပ်တစ်ခုထဲကိုရောက်သွားတဲ့အခါ..... BTS×Oc Laura Mabel(You) ဤတစ်ပုဒ်လုံးသည်စာရေးသူ၏စိတ်ကူးယဉ်မှုများသာဖြစ်သည်။ 7 boys with one girl👀 #written by Kim Haesoo